Chapter 184

1.8K 167 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

Chapter (184) သွား…သေလိုက်တော့

"မင်းတို့ အားလုံး ဒီမှာ နေခဲ့ရမယ်"

ထိုသို့ ယဲ့ဖန် ပြောလိုက်ပြီးနောက်တွင် ရှန့်ကျန်းမြို့မှ ကြည့်နေသူများ ပွက်လောရိုက် သွားတော့သည်။

"သူက ယဲ့ဖန်လား… တော်တော် စိတ်ကြီးဝင်လိုက်တဲ့ကောင်"

"ဟုတ်ပါ့ကွာ… သူက ဆရာသခင်အဆင့် လူငယ်လေးဆိုတာထက် ကြယ်သုံးလုံး အဆင့် သာသာလေးပဲ ရှိတာပါလား …. သူ သက်သက်မဲ့ လေလုံးထွားနေတာပါကွာ"

"ဟဟ…နောက်ဆုံးတော့ သူ လူလုံးထွက်ပြရဲပြီပေါ့လေ … ဒါပေမယ့် အရမ်း နောက်ကျသွားပြီ … သူ့လက်အောက်ငယ်သားတွေအားလုံး သူတို့ရဲ့ ခွန်အားကို ဆုံးရှုံးသွားပြီးပြီ … သူ သေကိုသေတော့မှာပဲ"

ဖုန်းများ၊ ရုပ်မြင်သံကြားစက်များမှ တစ်ဆင့် ကြည့်နေသူများက အထင်သေးသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

သူတို့စိတ်ထဲတွင် ရှန့်ကျန်း အင်အားစုများသည် တိုက်ပွဲကို ပွဲသိမ်းခါနီးနေပြီဟု ထင်နေကြသည်။ နောက်ထပ် ကြယ်သုံးလု အဆင့်သူ တစ်ယောက် ထပ်ရှိနေလျင်တောင် နောက်ဆုံး ရလဒ်က ပြောင်းသွားမည် မဟုတ်ပေ။

ရှန့်ကျန်းမြို့မှ သူများက ယဲ့ဖန် သေမည့်အချိန်ကိုသာ စိတ်ရှည်လက်ရှည်နှင့် စောင့်နေကြသည်။

နောက်ဆုံးတွင် သူတို့ စကားထပ်စလိုက်ကြသည်။

"ကြည့်စမ်း… ဆရာသခင် တစ်ပိုင်းအဆင့် မာစတာကျန့်က ယဲ့ဖန်ကို ဝင်တိုက်နေပြီကွ"

သည်းထိတ်ရင်ဖို ဖြစ်နေသော မျက်နှာများနှင့် ကြည့်နေသူများက ရှန့်ကျန်းမြို့မှ ဒဏ်ရာရနေသော ဆရာသခင် တစ်ပိုင်းအဆင့်တစ်ယောက် အခွင့်အရေးကို အမိအရ အသုံးချကာ ယဲ့ဖန်ထံသို့ အလစ်ဝင်တိုက်ကို စောင့်ကြည့်နေကြသည်။

လေတိုးသံနှင့်အတူ သူသည် ယဲ့ဖန်၏ နောက်ကျောဘက်မှ နှလုံးရှိရာသို့ ဓားရှည်ဖြင့် ထိုးလိုက်သည်။

ဤတိုက်ခိုက်မှုသည် လျင်မြန် တိကျ၍ ရက်စက်လွန်းရာ ကျသည်။ သူက သူ၏ ခွန်အား၊ ပေါ့ပါး သွက်လက်မှုနှင့် အလျင်တို့ကို ပြည့်ပြည့်စုံစုံ ပေါင်းစပ် အသုံးချနိုင်ခဲ့သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Onde histórias criam vida. Descubra agora