Chapter 173

1.8K 177 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (173) လူသန်ကြီးအား ခြေလှမ်းလေးလှမ်းအတွင်း သတ်ဖြတ်ခြင်း

အိမ်တော်တွင်းရှိ လူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် ယဲ့ဖန်က လေထဲသို့ ပထမဆုံး ခြေတစ်လှမ်းလှမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ ခြေထောက်နှင့် မြေကြီး ထိကပ်ခြင်း မရှိတော့ချေ။ ထို့နောက် ဟာရီကိန်း မုန်တိုင်းကျရောက်လာပြီး ယဲ့ဖန်၏ ခြေထောက်အောက်မှ လေဟာနယ်သည် မြေကဲ့သို့ ခိုင်ခံ့လာသည်။

ယဲ့ဖန်သည် ကောင်းကင်ဘုံသို့ တက်လှမ်းနေသကဲ့သို့ လေထုထဲတွင် ငါးမီတာ၊ ခြောက်မီတာ အမြင့်သို့ ရောက်ရှိနေသည်။

လင်းပြောင် ရုတ်တရက်ကြီး ကြောက်စိတ်ကြောင့် ခေါင်းမွှေးထောင်နေသလို ခံစားလိုက်ရသည်။ သေစေနိုင်သော ချီဓာတ်များက သူ့နား ဝန်းရံနေသကဲ့သို့ သူ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။

"သေစမ်း…ဒီကောင် ဘာလှည့်ကွက်တွေ သုံးနေတာလဲ"

လူသန်ကြီး ထိတ်လန့်နေကာ မျက်ခုံးကလည်း ခပ်လှုပ်လှုပ် ဖြစ်နေ၏။ ထိုစဉ် ငရဲမှ ထွက်ပေါ်လာသော အသံကဲ့သို့ ယဲ့ဖန်၏ အသံက ပဲ့တင်ထပ်လာသည်။

"ပထမခြေလှမ်းနဲ့တင် ငါ လေထဲကို ခုန်တက်သွားနိုင်တယ်"

ထို့နောက် ယဲ့ဖန်က လေထဲတွင် ပေါ့ပေါ့ပါးပါးနှင့် ခြေတစ်လှမ်း ထက်လှမ်းလိုက်သည်။ တဖျစ်ဖျစ် မြည်သံနှင့်အတူ လေထုသည် ဖိသိပ်၍ နင်းချေခံလိုက်ရသလို ဖြစ်သွားသည်။

ကမ္ဘာကြီးသည် မိုးပြိုတော့မလို ဖြစ်လာကာ လင်းပြောင် တစ်ယောက် ထိုက်တောင်ကြီးကို ထမ်းထားရသကဲ့သို့ ခံစားလာမိသည်။

လင်းပြောင်တစ်ယောက် ဒူးတွေ ညွတ်ခွေလာကာ မြေကြီးပေါ် ဒူးထောက်လျက်သား လဲကျသွားသည်။

"သေစမ်း"

လင်းပြောင် မျက်လုံးတွေ ရဲရဲနီလာသည်။ သူ့ခေါင်းအထက်မှ လေထုအား ယဲ့ဖန် ထိုးခွင်းလိုက်သလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် တောင်တစ်လုံး၏ ဖိနှိပ်ခြင်းအား ခံထားရသလို ခံစားနေရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]जहाँ कहानियाँ रहती हैं। अभी खोजें