Chapter 51

2.9K 334 0
                                    

#unicode

Chapter (51) နတ်ဆိုးသံတောင်ကြီး

*အရိုအသေပေးပါတယ် သခင်ကြီး*

နားကွဲမတတ် အော်သံကို ကြားလိုက်ရပြီးနောက် အားကစားကွင်းတစ်ခုလုံး တိတ်ကျသွားသည်။

Class 2 Grade 3 အတန်းသားများအားလုံး ယဲ့ဖန်ရှေ့ ဒူးထောက်နေသော လူမိုက်များကို ငေးကြည့်နေမိကြသည်။

*သခင်ကြီး?*

*ယဲ့ဖန်က သူတို့ရဲ့ သခင်ကြီးလား?*

"ဒါ… လုံးဝမဖြစ်နိုင်ဘူး"

*အဲ့ဂန်းစတားကြီးက အာဏာရှိတဲ့လူကြီးလေ။ ဘယ်လိုလုပ် သူက ယဲ့ဖန်ကို သခင်ကြီးလို့ ခေါ်ရတာလဲ?*

*မယုံနိုင်စရာပဲ*

ယောင်နာ၏ မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့ပြီး ဖြူဖပ်ဖြူရော်ဖြစ်ကာ မှင်တက်နေသည်။

အရင်တုန်းက ယဲ့ဖန်သည် သုံးစားမရသော တရားမဝင်သားမို့ သူမ သူ့အပေါ် တစ်စက်ကလေးမှ စိတ်မဝင်စားခဲ့ပါ။

မကြာသေးခင်ကမှ ယဲ့ဖန်က ကျုံးချမ်းနှင့် ကုန်းဝူတို့ကို အခန်းထဲ သင်ခန်းစာပေးလိုက်သည့်အခါမှ သူမ သူ့အပေါ် မျက်စိကျလာခြင်း ဖြစ်သည်။

သို့သော် သူက လူဆိုးဂိုဏ်းအဖွဲ့ကြီး၏ သခင်ကြီးဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

လူဆိုးဂိုဏ်းခေါင်းဆောင်တိုင်းသည် ရက်စက်ပြီး ရည်မှန်းချက် ပြင်းထန်ကြသောကြောင့် သူတို့က တစ်ယောက်ယောက်ကို သခင်ကြီးအဖြစ် အသိအမှတ်ပြုဖို့ကား လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

သူမ ယဲ့ဖန်အား ညစာလိုက်ကျွေးဖို့ ပြောခဲ့မိသည်ကို ပြန်သတိရမိပြီး ယောင်နာ ရှူးပေါက်ချချင်သလို ဖြစ်လာသည်။
ယုဖေးသည်လည်း လုံးဝ မှင်တက်နေ၏။ သူမပါးစပ်ကို လက်နှင့်အုပ်ကာ ယုဖေးတစ်ယောက် ထိတ်လန့်နေ၏။

"မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး!"

*သူက လူဆိုးဂိုဏ်း ခေါင်းဆောင်တဲ့!*

*ဒီလောက် ဩဇာညောင်းတဲ့လူကို သူ့ကို သစ္စာခံလာအောင် ယဲ့ဖန် ဘယ်လိုလုပ်လိုက်တာပါလိမ့်? ဒါက…"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now