Chapter 53

2.7K 346 2
                                    

#unicodeစာစဥ် (၄) Chapter (53) စိတ်ဝိညာဉ်အပိုင်းအစ

*ချာတူးလံနေတာပဲ!*

ယဲ့ဖန်၏ စကားကြောင့် စားပွဲဝိုင်းရှိ သူများအားလုံး မှင်တက်သွားလေတော့သည်။

ယဲ့ဖန် ဒီလောက် ရိုင်းစိုင်းစွာ ဝေဖန်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါ။

အထူးသဖြင့် အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေး မျက်နှာက ပြာနှမ်းလာသည်။

တိတ်ဆိတ်နေပြီးနောက် လီကျစ်ချမ်း ချက်ချင်း အားရပါးရ အော်ရယ်လိုက်သည်။

"ဟားဟား…ယဲ့ဖန်, ခင်ဗျားက တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ။ ခင်ဗျားတော့ မသိလောက်ပင်မယ့် မမလေး ချင်ရွှယ်က စန္ဒရားမှာ အဆင့် ၁၀ထိ ရောက်ထားပြီးသား။ သူ့ဆရာကလည်း တစ်တိုင်းပြည်လုံးမှာ နာမည်အကြီးဆုံး မာစတာလင်လေ။ ခင်ဗျား ဘယ်လိုလုပ် သူမရဲ့ စန္ဒရားသံကို ချာတူးလံလို့ ပြောရဲရတာလဲ? ခင်ဗျားက ကျုပ်ကို အူတက်အောင် လုပ်နေတာပဲ!"

ယဲ့ဖန်သည် စန္ဒရားအကြောင်း ဘာမှမသိဘဲ လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံချင်၍ ဤသို့ ပြောခြင်း ဖြစ်သည်ဟု လီကျစ်ချမ်း ထင်လိုက်သည်။ သို့သော် လီကျစ်ချမ်း၏ အပြုအမူက မိုက်မဲရာကျလွန်းသည်။

ဖန့်ယင်းက ယဲ့ဖန်အား ခပ်ရှက်ရှက်နှင့် ပြောလိုက်သည်။

"ယဲ့ဖန်…မင်း တအားရိုင်းတာပဲ။ ချင်ရွှယ်ကို မြန်မြန် ပြန်တောင်းပန်လိုက်"

*တောင်းပန်ရမယ်?*

ယဲ့ဖန် တွေဝေသွားပြီးမှ ပခုံးတွန့်ကာ ခပ်တည်တည် ပြောလိုက်သည်။ "ကျုပ်မှ မပြောချင်ခဲ့တာကို ခင်ဗျားပဲ အတင်း ပြောခိုင်းပြီးတော့"

*သေလိုက်ပါလား*

ယဲ့ဖန်၏ အပြောကြောင့် ချင်ရွှယ် ဒေါသထွက်ကာ အံကြိတ်ထားမိသည်။

သူမသည် ဆရာဝန်တစ်ယောက်လည်း ဖြစ်သလို တရုတ်နိုင်ငံ စန္ဒရားအဖွဲ့အစည်း၏ ရွှေရောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ အတော်ဆုံး စန္ဒရားပညာရှင် မာစတာလင်၏ တပည့်လည်း ဖြစ်သေးသည်။
သူမ စ၍ ဖျော်ဖြေစဉ်အခါကတည်းက လက်ခုပ်သံများနှင့် ချီးကျူးသံများကို ကြားခဲ့ရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now