Chapter 111

2.4K 206 4
                                    

#unicode
စာစဉ် (8) Chapter (111) နတ်ဆိုးဧကရာဇ်က မင်းတို့ကို စောင့်နေပါတယ်

"မဟုတ်ဘူး မဖြစ်နိုင်ဘူး ဘယ်… သူက ဘယ်လိုလုပ် စစ်ခုန်ကလန်ရဲ့ သခင်ကြီး ဖြစ်နေရတာလဲ"

ဧည့်ခန်းမထဲရှိ လူအားလုံးထဲတွင် ကျုံးချမ်းက အထိတ်လန့်ဆုံး ဖြစ်နေသည်။

အစပိုင်းက စစ်ရှောင်ထျန်း၏ မွေးစားသား ဖြစ်လာသည်နှင့် ယဲ့ဖန်က သူ့ခြေဖဝါးအောက် ရောက်ကာ နင်းခြေနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်စွာပင် ယဲ့ဖန်သည် စစ်ခုန်ကလန်၏ သခင်ကြီး ဖြစ်နေခဲ့သည်။

စစ်ခုန်ကလန်သည် တရုတ်ပြည် မြောက်ပိုင်းမှ အဓိကကလန်တစ်ခု ဖြစ်ပြီး ပိုင်ကလန်နှင့် ကုန်းကလန်တို့ထက် ပို၍ အင်အားကြီးမားလေသည်။

စစ်ကလန်သည် စစ်ခုန်ကလန်၏ ကလန်ငယ်လေး တစ်ခုသာဖြစ်ပြီး စစ်ရှောင်ထျန်းသည်လည်း စစ်ခုန်ကလန်၏ ကလန်ငယ်ခေါင်းဆောင်သာ ဖြစ်သည်။

စစ်ခုန်ကလန်၏ သခင်ကြီး၌ ပြိုင်ဘက်ကင်း အင်အားများ ရှိကြောင်း ပြေးကြည့်စရာပင် မလိုချေ။

စစ်ခုန်ကလန်၏ အင်အားကြီးသူ အဘိုးကူးတောင်မှ ယဲ့ဖန်ရှေ့ ခါးကျိုးမတတ် ဒူးထောက် တောင်းပန်နေရသည် မဟုတ်ပါလား။

သို့… သို့ပင်မယ့် ယဲ့ဖန်က ဘယ်လိုလုပ် ဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်သွားတာလဲ။

ကျုံးချမ်း ယုံလည်း မယုံနိုင်သလို ယုံချင်စိတ်လည်း မရှိပါ။

သူက ယဲ့ဖန်ကို မယုံသင်္ကာဟန်ဖြင့်သာ ကြည့်နေသည်။

စစ်ရှောင်ထျန်းတို့ သားအဖကတော့ သေမတတ် ကြောက်လန့်လို့ နေသည်။

ထို့နောက် သူတို့နှစ်ယောက် ဖင်ထိုင်ရက်လဲကျသွားပြီး သူတို့ ဘောင်းဘီမှ မနှစ်မြို့ဖွယ်ကောင်းသော အနံ့များ ထွက်ကျလာသည်။

စစ်ခုန်ထို့နှင့် စစ်ခုန်ကလန်၏ အကြီးအကဲ ငါးယောက်တို့ ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရမှတော့ စစ်ခုန်ကလန်၏ ကလန်ငယ်လေးတစ်ခုအတွက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။

ဗလုံးဗထွေး အသံနှင့်အတူ စစ်ရှောင်ထျန်းက ယဲ့ဖန်ရှေ့ ချက်ချင်း ဒူးထောက်ချလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now