Chapter 152

2K 161 5
                                    

စာစဥ် (11) Chapter (152) သွေးထွက်သံယိုခရီး!

မနက် ၂ နာရီအချိန်တွင် Rolls Royce ကားသုံးစီးက လမ်းမပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်လျက် ရှိသည်။

ဖုန်းပြောပြီးနောက် ယာဉ်မောင်းသူ ဘေးတွင် ထိုင်နေသည့် သွေးသိမ်းငှက်သခင်က ယဲ့ဖန်အား သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်သည်။

"သခင်ကြီး… ကျွန်တော် အခုလေးတင် ရလာတဲ့သတင်းက မာစတာလင်လည်း ပြန်ပေးဆွဲခံရပါတယ်တဲ့"

*မာစတာလင်*

သူ့စကားကြောင့် ယဲ့ဖန်၏ မျက်နှာက မကြည်မလင် ဖြစ်လာသည်။

"သွေးစွန်းတစ္ဆေ၊ ဝံပုလွေရိုင်း၊ ဖေးချမ်၊ ရို့စ်၊ ပိုင်ရှောင်၊ ရှုကွမ်း၊ ယဲ့ကလန်က သုံးယောက်နဲ့ မာစတာလင်"

ယဲ့ဖန်၏ မျက်လုံးသည် ကြမ်းတမ်းသော ချီဓာတ်များနှင့်အတူ တလက်လက် တောက်ပနေပြီး သွေးဆာနေသော မျက်နှာနှင့်

"ငါ့မိန်းမကို ဈာပနပစ္စည်းအဖြစ် ခေါ်သွားပြီးတော့ ငါ့ညီအစ်ကိုတွေကို ယဇ်ကောင်အဖြစ် ခေါ်သွားတယ်ပေါ့လေ…တော်တယ်..လော့စစ်…မင်း သိပ်တော်တယ်"

သူ ပြန်လည်မွေးဖွားလာပြီးကတည်းက တစ်စုံတစ်ယောက်ကို ရက်ရက်စက်စက် သေစေလိုချင်းက ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

သူသည် လော့စစ်ကိုသာမက လော့ကလန်တစ်ခုလုံးကိုပါ လူမျိုးတုန်း သတ်ဖြတ်လိုက်ချင်နေသည်။

ကလန်ရှစ်ခုမှ ရာနှင့်ချီသော စွမ်းအားရှိသော သူများကို ရှင်းလင်းပြီးနောက် ကျန်းရှီမြို့မှ ဖြစ်ရပ်များကို ကြားလိုက်ရသည်။

သို့သော် တော်တော်လေး မိုးချုပ်နေသဖြင့် ကျန်းရှီမြို့သို့ ပြန်သည့် လေယာဉ်လိုင်း တစ်ခုမှမရှိ။ ပို၍ ထူးဆန်းသည်က ကျန်းပေမြို့က ကိုယ်ပိုင်လေယာဉ်များ ညတွင်းချင်း ပျောက်ကွယ်သွားခြင်းပင်။

ထို့ကြောင့် ယဲ့ဖန်သည် အရှင်သခင်သုံးယောက်နှင့် တစ္ဆေလေးကောင်တို့နှင့်အတူ ကျန်းရှီမြို့တို့ ကားမောင်းပြီး ပြန်လာဖို့သာ တတ်နိုင်တော့သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now