Chapter 92

2.3K 254 5
                                    

စာစဥ် (7) Chapter (92) အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ အချိန်တန်ပြီ

ညအမှောင်သို့ ရောက်ရှိလာချိန်တွင်
ယဲ့ဖန်သည် သူ့အိမ်သို့ မပြန်ဘဲ မိုးမခင်ပေါ်မှာသာ နတ်ဆိုးချီကိုသာ ဆက်၍ စုပ်ယူနေသည်။

သူ၏ နံဘေးတွင် အနက်ရောင် မြူခိုးများက ဝန်းရံနေပြီး ခရမ်းရောင် အလင်းများက တောက်ပနေသည်။

အနက်ရောင် မြူခိုးများ‌ ပျောက်ကွယ်သွားမှသာ ယဲ့ဖန်ကို မြင်ရသည်။ ထိုအချိန်တွင် ယဲ့ဖန်သည် ခန္ဓာကိုယ်က သွယ်လျနေသော်လည်း  ကြွက်သားများနှင့် ပြည့်နှက်နေကာ ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီက အဆုံးမရှိသော ခွန်အားများကို သယ်ဆောင်ထားသလား မှတ်ရသည်။

ယဲ့ဖန်က သေစေနိုင်လောက်သော ချီဓာတ်များကို ထုတ်လွှင့်လိုက်သည်။

"ယဲ့ဖန်… ယဲ့ဖန်.."

ထိုစဉ် သွေးများဖြင့် ရွှဲနစ်နေသော လူရိပ်တစ်ရိပ်ထဲက အားကစားကွင်းအတွင်း ဒယိမ်းဒယိုင်ဖြင့် ဝင်လာသည်။

*ဟမ်*

ယဲ့ဖန် ကြောင်သွားပြီးမှ ထို သွေးများဖြင့် ရွှဲနစ်နေသော လူရိပ်ကို သေချာကြည့်လိုက်တော့မှ ယဲ့မော့ဖြစ်နေမှန်း တွေ့လိုက်ရသည်။

ယဲ့မော့သည် တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား ဒဏ်ရာရနေကာ သူ၏ အသားတွေကိုပင် မြင်နေရသည်။

သူ့လက်မောင်းတစ်ဘက်ကလည်း ကျိုးနေပြီး သွေးများ စီးကျနေသည်။

ယဲ့ဖန်ထံရောက်လာရန် ယဲ့မော့ပုံစံက အလောင်းတောင်ကို တက်ကာ သွေးပင်လက်ကို ကူးလာရသည်နှင့် သဏ္ဌာန်တူလှသည်။

မိုးမခပင်နား ရောက်သည်နှင့် ယဲ့မော့ လဲကျသွားသည်။ ထို့နောက် သူက အားမရှိစွာ ပြောလိုက်သည်။

"ယဲ့ဖန် မြန်မြန် ပြေးတော့"

*ဘာ*

ယဲ့ဖန် ချက်ချင်း မျက်နှာပျက်ကာ ယဲ့မော့ကိုယ်၏ နေရာအချို့ကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ ထိုအခါမှ ယဲ့မော့ သွေးထွက်တာ ရပ်သွားသည်။

ထို့နောက် ယဲ့ဖန်က ကျန်ရှိနေသော နတ်ဆိုး ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ထုတ်၍ ယဲ့မော့ကို ကျွေးလိုက်သည်။ ပြီးမှ ယဲ့မော့ကို သူ မေးလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now