Chapter 31

3.1K 365 3
                                    

#unicode

အပိုင်း(၃၁) မင်းတို့က အခွင့်အရေးကို ငြင်းဆန်နေတာပဲ

ဘန်း!

အသံကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်Lamborghini ကား၏ ရှေ့ပိုင်း ပျက်စီးသွားလေသည်။ ကားထဲမှ လူငယ်နှစ်ယောက်သည်လည်း ကားလေအိတ်ကြောင့် အနည်းငယ် မူးဝေသွားကြသည်။

ထိုကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် သူတို့ ကားဘရိတ်မအုပ်လိုက်ပါက ကားလေအိတ် ခံနေလျင်တောင်မှ သူတို့ ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

"ခွေးမသား"

ဒီကိစ္စ၏ လက်သည်တရားခံကို သိနေသည့်အတွက် လူငယ်လေးနှစ်ယောက် သွေးဆူကာ ဒေါသထွက်နေကြသည်။

ထို့နောက် သူတို့နှစ်ယောက် ကားနောက်ခန်းမှ ဘေ့စ်ဘောရိုက်တံ နှစ်ချောင်းကို ယူကာ ယဲ့ဖန်တို့၏ကားဆီသို့ ကြမ်းတမ်းစွာ ပြေးသွားသည်။

ယဲ့ဖန်သည်လည်း ကားကို လမ်းဘေး၌ ရပ်ထားပြီးပြီဖြစ်၏။ ကားတံခါး ပွင့်သွားပြီးနောက် သွေးမရှိကာ ဖြူရော်နေသော မျက်နှာနှင့် လင်းလန် ကားထဲမှ ဆင်းလာသည်။

သူမ ခေါင်းမူးကာ အန်ချင်သလို ဖြစ်နေသည်။
ယဲ့ဖန်drift ဆွဲလိုက်တာက သူမ နှလုံးပေါက်ထွက်တော့မတတ် ခံစားလိုက်ရသည်။

"ကောင်စုတ်"

ဒါ ယဲ့ဖန် ပထမဆုံးအကြိမ် ကားမောင်းတာပါဆိုတာကို လင်းလန် ဘယ်နည်းနဲ့မှ မယုံနိုင်ပါ။

သူ့ရဲ့ ကျွမ်းကျင်လှတဲ့drift ဆွဲနည်းတွေက ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းတဲ့သူတွေနှင့်တောင် ယှဉ်လို့ရသည်။

ထိုစဉ် ဆံပင်အဝါရောင်နှင့် နှစ်ကောင်က ယဲ့ဖန်ဆီ သွားနေတာကို မြင်လိုက်သောကြောင့် လင်းလန် တုံ့ဆိုင်းသွားသည်။

"ဟေ့ကောင် မင်း သေချင်နေတာလား"

သူတို့ ယဲ့ဖန်ဆီ လျှောက်လာနေရင်း ပိုပြီး ဒေါသထွက်လာကြသည်။သူတို့ ဒေါသထွက်ရသည့်အကြောင်းရင်းကတော့ သူတို့ရဲ့ Lamborghini ကားကို သာမန်ကားလေးက ကျောသွားသည့်အတွက် ဖြစ်သည်။ ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါက ပြိုင်ကားမောင်းသူများကြား သူတို့ လူရယ်စရာ ဖြစ်တော့မည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now