Chapter 5

4.8K 581 20
                                    

အပိုင်း (၅) ဒီပစ္စည်းက နည်းနည်းတော့ညစ်ပတ်နေပြီ

အဘိုးအို ထင်ထားသည့်အတိုင်းပင် မြစ်ထဲရှိ သတ္တဝါများ သေသွားရခြင်း၏ လက်သည်တရားခံမှာ ယဲ့ဖန်ပင်ဖြစ်သည်။

သေမင်းနတ်ဆိုးအော်ရာ..နတ်ဆိုးဧကရာဇ်၏ အစွမ်းအထက်ဆုံး အရည်အချင်းဖြစ်ပြီး အရာအားလုံးကို သတ်ပစ်နိုင်စွမ်းရှိသည်။

"စိတ်မကောင်းစရာပဲ...ဒီရေသတ္တဝါတွေရဲ့ စိတ်ဝိညာဉ်က နည်းပါးလွန်းတယ်...မြစ်ထဲက စိတ်ဝိညာဉ်တွေကို အကုန်စုပ်ယူပြီးတာတောင်မှ ငါ့ကိုယ်ငါ ကာကွယ်ဖို့ ခွန်အား နည်းနည်းပဲရသေးတယ်။

"ငါ နည်းနည်းအရှိန်မြှင့်မှနဲ့တူတယ်"

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးနောက် ယဲ့ဖန် သက်ပြင်းရှည်ချကာ နောက်ထပ်မြစ်တစ်စင်းထဲသို့ ဆင်းလိုက်သည်။

....

သုံးရက်ကြာပြီးနောက်

မနက်ခင်း၌ လူတစ်ယောက် ဝေ့ရှီမြစ်ထဲမှ တက်လာသည်။ ဖိုသီဖတ်သီဆံပင်၊မျက်နှာတို့နှင့်အတူ ယဲ့ဖန်၏ အဝတ်အစားများ စိုရွှဲနေသည်။

သူ မြစ်ထဲမှ တက်လာသည်နှင့် မြူများသည် သူ့ဘေးတစ်ဝိုက်တွင် ဘွားခနဲ ပေါ်လာ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏စိုရွှဲနေသောအဝတ်အစားများသည် ထူးဆန်းစွာ ခြောက်သွေ့သွား၏။

"သုံးရက်တောင်ရှိသွားပြီပဲ...ငါ ဒီဒေသမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ...ပြန်ဖို့သင့်နေပြီပဲ.."

သူ့ထံတွင် အရင်နတ်ဆိုးဧကရာဇ်ဘဝမှတ်ဥာဏ်များအပြင် ယခုဘဝ ဒီခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များပါ ရှိနေသည်။

သူ့အတွက် လုပ်စရာကိစ္စအချို့ ရှိနေသလို သတ်ရမည့်သူ အချို့လည်း ရှိသည်။

ထို့နောက် ကျန်းရှီမြို့ ဘက်သို့ သူ ထွက်လာခဲ့သည်။

ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း အပေါက်ဝသို့ သူ ရောက်ရန် မိနစ် ၂၀ခန့် ကြာမြင့်သည်။ ကျောင်းပေါက်ဝရှိ ကျောင်းသားကျောင်းသူများသည် ယဲ့ဖန်အား ကပ်ရောဂါအလား အဝေးသို့ ဖယ်ရှောင်သွားကြသည်။ ထို့အပြင် သူတို့ မျက်လုံးများတွင် လှောင်ရိပ်များ သန်းနေသေးသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now