Chapter 132

2.2K 176 4
                                    

စာစဉ် (9) Chapter (132) တမလွန်ကို သွားတဲ့ခရီးက စိတ်မချရဘူး၊ ငါ လိုက်ပို့ ပေးပါရစေ

ဘန်း!

ကျယ်လောင်သော သေနတ်သံ နှင့်အတူ ကျည်ဆံက ယဲ့ဖန်၏ နဖူးအလယ် တည့်တည့်သို့ ဥက္ကာပျံ ကဲ့သို့ တိုးဝင်လာသည်။

သာမန်လူ တစ်ယောက်အတွက် ဤကျည်ဆံကို ရှောင်ရှားရန် မလွယ်ကူပါ။

တစ်ချိန်တည်းမှာပင် ပြတ်သားသော မျက်နှာထားနှင့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်က ဆောက်လက်စ အဆောက်အဦး ပေါ်၌ စနိုက်ပါ သေနတ်ကို ကိုင်၍ ဝပ်နေသည်။

သေနတ်သံကို ကြားသည်နှင့် သူက သွေးဆာ၍ မနှစ်မြို့ဖွယ် ကောင်းသော မျက်နှာပေး ဖြစ်ပေါ်လာသည်။

ထို့နောက် သူက ဖုန်းကို ထုတ်၍ နံပါတ်တစ်ခုကို ဆက်လိုက်သည်။

"သခင်လေး … တာဝန် ပြီး…"

"အမ်?"

သူ စကားပြောနေစဉ်မှာပဲ သက်လတ်ပိုင်း အရွယ် လူ၏ မျက်နှာက အေးစက်သွားကာ သူ့ပစ်မှတ်ကို မှန်ပြောင်းကနေ ပြန်ကြည့်လိုက်သည်။

သူ ထင်ထားသလို ယဲ့ဖန်က မြေကြီးပေါ် လဲမနေပါ၊ ထိုအစား ယဲ့ဖန်က သက်လတ်ပိုင်း အရွယ် လူရှိရာ ဆောက်လက်စ အဆောက်အဦးဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာနေသည်။

*ဒါ .. လုံးဝ မဖြစ်နိုင်ဘူး*

ဤ သက်လတ်ပိုင်း အရွယ် လူသည် တရုတ်ပြည် တောင်ပိုင်းတွင် နာမည်ကြီး စနိုက်ပါ သမား ဖြစ်သည်။

သူ၏ လက်ဖြောင့် စွမ်းရည်နှင့် ပတ်သက်၍ သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိသည်။

သူ ပစ်မှတ်ထားသည့် မည်သည့် သားကောင်မဆို တစ်ချက်တည်းနှင့် သေသွားကြတာ ချည်းပင်။

"ီးပဲ … ဒီကောင်က ကံကောင်းသွားတဲ့ ခွေးတစ်ကောင် သာသာပါပဲ"

သက်လတ်ပိုင်းအရွယ်လူက သူ့ကျည်ဆံကို ယဲ့ဖန် ကံကောင်း ထောက်မ၍သာ ရှောင်လိုက်နိုင်သည်ဟု ထင်နေသည်။

"သိမ်းငှက် ဘာဖြစ်တာလဲ? ဟိုကောင် မသေသေးဘူးလား?" လူငယ်တစ်ယောက်၏ အသံက သူ့ဖုန်းထဲမှ ထွက်လာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Место, где живут истории. Откройте их для себя