Chapter 95

2.4K 232 1
                                    

စာစဥ် (7) Chapter (95) မင်းအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးရမှာပေါ့

*သေပြီ*

*သူတို့အားလုံး သေကုန်ကြပြီ*

စစ်ခုန်ထို့ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေသည်။

ဖြစ်ပျက်သွားသမျှက မြန်ဆန်လွန်းလှသည်။

ဘာဖြစ်ခဲ့သလဲဆိုတာကို သတိထားမိချိန်တွင် သူ့အကြီးအကဲများအားလုံး သေကုန်ကြပြီ။

"အံ့… အံ့ဩစရာပဲ"

ယဲ့လုံ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေသည်။

"မ… မဖြစ်နိုင်ဘူး။ သူက ဒီအတိုင်း အသုံးမကျတဲ့ တရားမဝင်သားလေ… ဘာလို့ သူက ဒီလောက် သန်မာနေရတာလဲ… ဒါ… လုံးဝ မဖြစ်နိုင်ဘူး"

ယဲ့လုံက ဤအဖြစ်အပျက်ကို လက်သင့်မခံနိုင်ပါ။ ယခင်တုန်းက သူ ယဲ့ဖန်ကို ယောင်လို့တောင် အထင်မကြီးခဲ့ ယခုအချိန်ထိလည်း သူ့ကို အထင်မကြီးချင်သေးပါ။

သို့သော် သည်အညတရကောင်က သူ့ကို အလွန်အံ့အားသင့်အောင် ပြုလုပ်သွားသည်။

အဘိုးအိုကူးသာလျင် မချိတင့်ကဲ ပြုံး၍ "ငါထင်ထားတာသလိုပဲ သူက ငါတို့ကြားထဲမှာ အန္တရာယ်အရှိဆုံးသူ ပါလား"

စစ်ခုန့်ထို့အား ယဲ့ဖန်ကို တိုက်ခိုက်ချင်း မပြုရန် သူ တားမြစ်ခဲ့သော်လည်း စစ်ခုန်ထို့က သူ့အကြံကို လက်မခံသော်ကြောင့် အချိန်တိုလေးအတွင်းမှာပဲ သူ၏ အကြီးအကဲများစွာကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ် ယဲ့ဖန်က စစ်ခုန်ထို့နှင့် ကျန်နေသေးသော အကြီးအကဲများကို ဓားနှင့် လှမ်းချိန်ကာ အော်လိုက်သည်။

"သေချင်ရင် ထွက်လာခဲ့စမ်း"

…..

စစ်ခုန်ထို့နှင့် ကျန်နေသေးသော အခြားအကြီးအကဲများ ချက်ချင်း မျက်နှာ မည်းမှောင်လာကြသည်။

စစ်ခုန်ကလန်သည် တရုတ်ပြည်မြောက်ပိုင်း၏ အဓိကကလန်ဖြစ်သော်ကြောင့် မည်သူမှ သူတို့ကို မစော်ကားရဲကြ၊ ကောင်စုတ်လေးတစ်ယောက်က စော်ကားပြောဆိုဖို့ ဆိုလျင် ပို၍တောင် ဝေးသေးသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now