Chapter 98

2.4K 248 1
                                    

#Unicode

စာစဥ် (8) Chapter (98) စစ်ခုန်ကလန်၏ ကာကွယ်စောင့်ရှောက်သူ

ဘုတ်ခနဲ အသံတစ်ချက်နဲ့အတူ နတ်ဆိုးအိုကြီး၏ အလောင်းက လူသားအိတ်ကြီးသဖွယ် ပြုတ်ကျလာသည်။

ယဲ့ကလန်၏ ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သူ၏ အရိုးများအားလုံး ကြေမွနေကာ ရွှံစေးပုံကြီးနှင့် တူလှသည်။

သူ့မျက်လုံးများက မသေခင် နတ်ဆိုးတစ်ကောင်အား မြင်တွေ့ခဲ့ရသလို ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။

ဂလု!

နတ်ဆိုးအိုကြီး၏ အလောင်းကို ကြည့်ပြီး ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ မနည်းကို တံတွေးမျိုချလိုက်ရသည်။ သူတို့ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျချင်နေသည်။

"စစ်ခုန်ကလန်ရဲ့ အကြီးအကဲ လေးယောက်က တစ်ယောက် တစ်ချက်နှုန်းနဲ့ အသတ်ခံလိုက်ရတယ်။ သူ… သူ လူမှဟုတ်ရဲ့လား? ဒါမှမဟုတ် နတ်ဆိုးများလား?"

မြေကြီးပေါ် အားမရှိတော့သလို လဲကျကာ ယဲ့လုံတစ်ယောက် အံ့ဩနေသည်။

သူ လုံးဝကို မယုံကြည်နိုင်ပါ။ ယခင်တုန်းက ယဲ့ဖန်သည် ငကြောက်တစ်ကောင် ဖြစ်သည်။ ယခုတော့ ယဲ့ဖန်က နတ်ဆိုးတစ်ကောင်လို ကြမ်းကြုတ်နေလေပြီ။

မယုံနိုင်စရာပါပဲလား!

ထိုစဉ် ယဲ့ဖန်က စစ်ခုန်ထို့၊ စစ်ခုန်ကျင့်နှင့် ယဲ့လုံတို့ထံသို့ လှမ်းလာသည်။

သူ ရှေ့သို့ တစ်လှမ်းတိုးလာတိုင်း သူတို့ မျက်နှာက ပိုပိုပြီးတော့ကို ဖြူစုတ်လာသည်။

"ယဲ့ဖန်"

စစ်ခုန်ထို့က ရှေ့သို့တိုးလာကာ ယဲ့ဖန်အား ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလာသည်။

"မင်း အရမ်း စွမ်းအားကြီးတာကို ငါ ဝန်ခံပါတယ်။ မင်းက စစ်ခုန်ကလန်ရဲ့ ထိပ်တန်း အဆင့် လူလေးယောက်ကို သတ်နိုင်မှတော့ မင်းက ငါ့အာရုံစိုက်ခြင်း ခံရဖို့ အရည်အချင်း ပြည့်မှီသားပဲ"

ထို့နောက် သူက စစ်ခုန်ကျင့်ကို တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now