Chapter 190

1.9K 174 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (190) လှိုင်းလုံးကြီးများ

တိုကျိုမြို့ရှိ သုံးထောင့်စွန်း ဗိမ္မာန်၏ ပိန်းနက်အောင် မှောင်နေသော ရုံးခန်းတစ်ခု၌ လူလတ်ပိုင်းအရွယ် လူတစ်ယောက် ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလျက် ရှိသည်။ ပရိုဂျက်တာပေါ်မှ ဗီဒီယိုတစ်ခုကို သူ ထိုင်ကြည့်လျက် ရှိသည်။

ထိုဗီဒီယိုသည် ယဲ့ဖန်နှင့် လီကျိုးယောင်တို့၏ တိုက်ပွဲကို ရိုက်ပြထားသော ဗီဒီယို ဖြစ်သည်။

လီကျိုးယောင်၏ ဦးခေါင်း လေထဲ မြောက်တက်သွားသည်ကို မြင်လိုက်သည်နှင့် ထိုလူလတ်ပိုင်းအရွယ် လူသည် မျက်ခုံး တလှုပ်လှုပ်ဖြစ်ကာ ချက်ချင်း ဗီဒီယိုကို ရပ်လိုက်သည်။

"ဝိညာဉ်ရိုင်း မင်း သူ့ကို ဘယ်လို ထင်လဲ"

လူလတ်ပိုင်းအရွယ် လူက စီးကရက်ဘူးကို ယူကာ စီးကရက် တစ်လိပ်ကို ထုတ်လိုက်သည်။ ထို့နောက် မီးညှိ၍ သောက်နေလိုက်သည်။

သူ့စကားကြောင့် အမှောင်ထဲမှ ဂျပန် စစ်သည်တော် တစ်ယောက် ထွက်လာကာ မျက်လုံးမှ အစိမ်းရောင် အလင်းများ ဖြာနေပြီး ထိုသူက ပြန်ပြောလိုက်သည်။

"ခေါင်းဆောင်… ယဲ့ဖန်က အရမ်း ထူးဆန်းတယ်၊ ကျွန်တော် ဒီဗီဒီယိုကို အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ကြည့်ပြီးပြီ၊ ဒါပေမယ့် လီကျိုးယောင်ရဲ့ မူလ သလင်းကျောက် မပေါက်ကွဲအောင် သူ ဘယ်လိုလုပ်လိုက်သလဲ ဆိုတာကို ကျွန်တော် ရှာမတွေ့သေးဘူး"

ထိုဂျပန်စစ်သည်တော်သည် လူများအား ကြောက်စိတ်ကြောင့် သတိလတ်လွတ် တုန်ယင်လာအောင် လုပ်နိုင်သော ဆာလောင်နေသည့် ဝံပုလွေနှင့် ဆင်တူလှသည်။

"ယဲ့ဖန်တဲ့လား"

သူ့နာမည်ကို ကြားလိုက်ပြီးနောက် ထိုလူလတ်ပိုင်းအရွယ် လူက သွေးဆာနေသော အပြုံးနှင့် ရေရွတ်လိုက်သည်။

"မင်းက ငါ့သားနဲ့ ငါ့မိန်းမကို သတ်ရဲတယ်ပေါ့ … ခွေးမသားလေး"

ထိုလူလတ်ပိုင်းအရွယ် လူသည် အရှေ့အာရှတွင် တည်ရှိသည့် မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲ၏ ခေါင်းဆောင် ဖြစ်ပြီး ကုန်းယွင်ဖေး၏ ဖခင် ဖြစ်သလို လော့ဟန်ရွှမ်း၏ ခင်ပွန်းသည် ဖြစ်သည့် ကုန်းကျန့်ထျန်း ဖြစ်ပေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now