Chapter 60

2.9K 315 6
                                    

#unicode
စာစဥ် (4) Chapter (60) မိစ္ဆာသခင်လေး __ကုန်းယွင်ဖေး

မယုံနိုင်စရာပဲ!

အဘိုးအို၏ တအံ့တဩလေသံကြောင့် ပိုင်မိသားစုဝင်များ ကြောင်သွားသည်။

အဘိုးအိုက အမွေအနှစ်စာအုပ်အား မယုံနိုင်ဟန်ဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။

ပိုင်ကျန်းခို့သည် သူ့ဖခင်က ဤကဲ့သို့ အခြေအနေမျိုးနှင့် မသင့်လျော်သော စကားမျိုး ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ခဏမျှ ငေးငိုင်သွားသည်။ ထို့နောက် အဘိုးအိုအား သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
"အဖေ…ဘာဖြစ်လို့လဲ?"

"ဘုရားရေ…သူက တကယ့်ကို နတ်ဘုရားပဲ ဖြစ်ရမယ်"

အဘိုးအိုသည် အမွေအနှစ်စာအုပ်ကို ကြည့်နေရာမှ ယဲ့ဖန်အား ကြည်ညိုလေးစားဟန်ဖြင့် ကြည့်လိုက်နေသည်။

"ဒီကောင်းကင်နှင့် မြေကြီးဆုဒြာ ကျင့်စဉ် အသစ်ကို ငါ စမ်းလေ့ကျင့်ကြည့်လိုက်တာ ငါ့ရဲ့ ချီဓာတ်တွေက သိမ်မွေ့လာပြီး သက်တောင့်သက်သာ ဖြစ်လာတယ်။ ငါ့ကိုယ်ငါ အသစ်ပြန်လည်မွေးဖွားလာသလို ခံစားရတယ်။ ငါ့ရဲ့ အမာရွတ်အဟောင်းတွေတောင် မရှိတော့ဘူး။ ဒါ…ဒါက မထင်မှတ်ထားလောက်အောင်ပဲ…"

*ဘာရယ်!*

အဘိုးအို၏ စကားကြောင့် အားလုံး ထိတ်လန့်သွားသည်။ အထူးသဖြင့် ကောင်းကင်နှင့်မြေကြီး ဆုဒြာ ကျင့်စဉ်ကို အချိန်အတော်ကြာ ကျင့်ကြံခဲ့သည့် ပိုင်ကျန်းခို့သည် အမွေအနှစ်စာအုပ်အား မယုံသင်္ကာဟန်ဖြင့် ယူကြည့်လိုက်သည်။

ထို့နောက် သူက သူ၏ချီဓာတ်ကို ကျင့်စဉ်အသစ်အတိုင်း လည်ပတ်လိုက်သည်။

"ဝိုး…သက်တောင့်သက်သာ ရှိလိုက်တာ"

ပိုင်ကျန်းခို့ စိတ်ဝင်တစားနှင့် မျက်လုံးမှိတ်ထားလိုက်သည်
။ ထို့နောက် သူ့အင်္ကျီလက်ကို ပင့်တင်လိုက်သောအခါ လက်မောင်းမှ အမာရွတ်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

….

အားလုံး မှင်တက်သွားကြသည်။

*မဖြစ်နိုင်လိုက်တာ*

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now