Chapter 157

2K 187 0
                                    

စာစဉ် (11) Chapter (157) တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့ရဲ့ နတ်ဆိုးအလောင်းကောင်လေး!

*အခု မင်းကို ငါသတ်လို့ရပြီလား?*

ထိုစကားကို ကြားလိုက်ရသည်နှင့် ဧည့်သည်တိုင်း အကြီးအကျယ် တုန်လှုန်ကာ နောက်ဆုတ်ပြေးချင်လာကြသည်။

ကျန်းရှီမြို့ သမိုင်းကြောင်းတွင် အင်အားအကြီးဆုံး တိုက်ပွဲ မကြာခင် ဖြစ်ပေါ်လာမည်တော့မည်ကို သူတို့ ရိပ်မိနေကြသည်။

ကြယ်သုံးလုံး အဆင့် ထိပ်သီး လူ ဆယ့်ငါးယောက်နှင့် လော့ကလန်၏ အင်အားအကြီးဆုံး သခင်လေး။

မကြံစဖူး ထူးကဲလှသည့် တိုက်ပွဲလှပါတကား။

ဧည့်သည်တိုင်း ကြားညပ်သွားမည်ကို ကြောက်လန့်နေကြသည်။ ထို့ကြောင့် သူတို့အားလုံး ခပ်ဝေးဝေးသို့ သွေဖယ်သွားကြသည်။

ထိုအချိန်တွင် လော့စစ်သည် မျက်ခွံတလှုပ်လှုပ်ဖြစ်နေကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလို့နေသည်။

သူကိုယ်တိုင်က အင်အားကြီးသော်လည်း လော့စစ်သည် ရင်လေးသလို ခံစားနေရသည်။ လော့စစ်၏ အနောက်၌ ရှိနေသော အနက်ရောင်ဝတ်စုံနှင့် နောက်ဆုံးသော သူသည် မျက်နှာက ဖြူရော်နေကာ ကတုန်ကယင် ဖြစ်နေသည်။

"လေး...လေးယောက်မြောက် သခင်လေး..ကျွန်တော်...ကျွန်တော် တောင်းပန်ပါတယ်"

အနက်ရောင် ဝတ်စုံနှင့်လူက ပျာပန်းခတ်နေသော အမူအရာနှင့် ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်။ ထို့နောက် သူသည် ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးသွား လေတော့သည်။

မြန်မြန်! မြန်မြန်! မြန်မြန်!

သူ့မှာသာ ခြေထောက်တွေ အများကြီးရှိလျင် ဒီ့ထက်မြန်မြန်ပြေးနိုင်လိမ့်မည်ဟု သူ ထင်နေမိသည်။

လျှပ်စီးကဲ့သို့ မကြာခင်မှာပင် သူသည် လေး၊ငါးမီတာ အဝေးသို့ ရောက်လို့သွားလေ၏။ ထိုစဉ် သူ့နောက်ကျောဘက်မှ အေးတိအေးစက် လေတစ်ချက် တိုက်ခတ်လာသည်ကို သူ ခံစားလိုက်မိသည်။

"ရပ်စမ်း"

တင်းမာခက်ထန်သော လေသံကို ကြားလိုက်ရသဖြင့် သူ ချက်ချင်း နောက်လှည့် ကြည့်လိုက်သောအခါ သူ့လက်မောင်းတစ်ဘက်ကို ဖေးချမ်က ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now