Chapter 40

3K 343 0
                                    

#unicode

အပိုင်း (၄၀) ကြောက်ဖို့ကောင်းသော လက်ခြောက်ချောင်းမြွေ

*ကုန်းယွင်ဖေးက သူ့ကို ဒီလွှတ်လိုက်တာ?*

ထိုစကားကြောင့် ဖေးချမ် ချက်ချင်း တည်ငြိမ်လာသည်။

ကုန်းယွင်ဖေးနှင့် ပတ်သက်သည့် ကောလဟာလများစွာကို သူ ကြားဖူးသည်။

ကုန်းယွင်ဖေးသည် ကျန်းရှီမြို့၏ ထိပ်တန်း သခင်လေး ၄ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

ရက်စက်ကြမ်းတမ်းသော သူ့အပြုအမူများကြောင့် နာမည်ကြီးသော်ငြားလည်း သူက လူကြားထဲ ထွက်လာခဲသည်။ လူအနည်းစုလောက်က သူ့ကို အာခံရဲသည်။

သူ့ကို အာခံသည့်သူတိုင်း သေပွဲဝင်ခဲ့ကြရသည်။ ထို့ပြင် ယဲ့ဖန်နှင့် လင်းလန်၏ ကောလဟာလသတင်းများကြောင့် သူ ယဲ့ဖန်ကို ဒီအတိုင်း ထားတော့မည်မဟုတ်တော့။ ထို့ကြောင့် ဖက်တီး၏ မျက်နှာက တဖြည်းဖြည်း မအီမသာ ဖြစ်လာသည်။

ထိုစဉ် ရုတ်တရက် ကားဘရိတ်အုပ်လိုက်သည့် အသံ ထွက်လာသောကြောင့် လူတိုင်း ထိုအသံကို အာရုံစိုက်မိသွားသည်။

ထိုအသံကြောင့် ကုန်းဝူ မသမာစွာ ရယ်လိုက်ရင်း သူ့မျက်လုံးတွင်လည်း မလိုမုန်းတီးစိတ်များ တလိပ်လိပ်တက်လာသည်။

"ဟီးဟီး… တရားမဝင်သားလေး ရောက်လာပါပြီဗျာ။ သူ ဒီက ဘယ်တော့မှ ထွက်ခွင့်ရမှာ မဟုတ်တော့ဘူး"
စက်ရုံ၏တံခါးကို ကြည့်ရင်း ကုန်းဝူ၏ အပြုံးက ပို၍ ဆိုးရွားလာသည်။

ဘန်း!

ကုန်းဝူ ကြည့်နေဆဲမှာပင် တံခါးထံမှ ကျယ်လောင်သော ပွတ်တိုက်သံ ထွက်ပေါလာပြီးနောက် တံခါး ပြုတ်ထွက်သွားသည်။

ဘန်း!

လေးလံသော တံခါး ပြုတ်ကျသွားသည်ကြောင့် ဖုန်းတထောင်းထောင်း ထသွားသည်။

ဖုန်ထုကြီး ကွယ်ပျောက်သွားသည်နှင့် လူငါးယောက် ထွက်ပေါ်လာသည်။

သူတို့ကတော့ ယဲ့ဖန်၊ ဝံပုလွေရိုင်းနှင့် သူ၏နောက်လိုက်များ ဖြစ်သည်။

ယဲ့ဖန်၏ ရှစ်ခေါက်ချိုးမျက်နှာကို ကြည့်ရင်း ကုန်းဝူ မျက်နှာထားက ပို၍ ခက်ထန်လာကာ ဒေါသတကြီး အံကြိတ်၍ ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now