Chapter 34

3.1K 371 3
                                    

#unicode

အပိုင်း(၃၄) သူက ငါ့ရဲ့ဖန်လေး!

*ဟွမ်လေး…ဟွမ်အာ…တကယ်ပဲ မင်းလား?*

ယဲ့ဖန်၏ စကားကြောင့် ဖြူစင်သော ကောင်မလေးတစ်ယောက် နေရာမှာတင် တောင့်ခနဲ ဖြစ်သွားသည်။

ယဲ့ဖန်မျက်လုံးမှ ကြီးမားသော ပူဆွေးသောကနှင့် ချစ်ခြင်းမေတ္တာကို သူမ မြင်နေရသည်။

သူ၏ ပူဆွေးသောကသည် နှစ်ပေါင်း ထောင်သောင်းချီ၍ ကြာသည်အထိ ရှိနေဆဲဖြစ်သည်။

သူ၏ အချစ်သည်လည်း သူနှင့်အတူ ဘဝရာပေါင်းများစွာအထိ တည်မြဲနေဆဲ ဖြစ်သည်။

"ဖန်လေး…ငါ အန်းရှီလေ။ နင် ဘာဖြစ်နေတာလဲ"

ထိုမိန်းကလေးသည် ယဲ့ဖန်ကို ကြည့်နေရင်း ရုတ်တရက် စိတ်ထိခိုက်သလို ဖြစ်လာကာ ဘာရယ်ကြောင့်မှန်းမသိဘဲ ငိုချင်သလို ဖြစ်လာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ချစ်ရသောသူကို တမ်းတရင်း ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရသည့် လူတစ်ယောက်ကို သူမ မြင်လိုက်ရသကဲ့သို့ သူမ၏မျက်လုံးလှလှလေး နီရဲလာသည်။

ထိုကဲ့သို့ နက်ရှိုင်းသောအချစ်ကြောင့် သူမ ရင်ခုန်သံ မြန်လာရသည်။

*အန်းရှီ!*

သူမ နာမည်ကို ကြားပြီး ယဲ့ဖန် ပို၍ ပူဆွေးကာ တုန်ယင်လာသည်။ *သူမ မဟုတ်ဘူး… သူမ မဟုတ်ဘူးပဲ*

အန်းရှီဆိုတာက သူ့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှ အိမ်နီးချင်း ဖြစ်သည်ကို ယဲ့ဖန် သတိရလိုက်သည်။

တရားမဝင်သား ဖြစ်သောကြောင့် ယဲ့ဖန်က ယဲ့အိမ်တော်မှာ မနေရရသလို သူငယ်ချင်းဟူ၍ အနည်းငယ်သာ ရှိခဲ့သည်။
အန်းရှီသည် သူ အချစ်ဆုံးသူငယ်ချင်းတွေထဲမှ တစ်ယောက် ဖြစ်သည်။

သူတို့နှစ်ယောက်သည် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာကြပြီး ကလေးဘဝတုန်းကဆိုလျင် အန်းရှီသည် ယဲ့ဖန်နောက် တကောက်ကောက်လိုက်ကာ ဖန်လေးဟု ခေါ်လေ့ရှိသည်။

အရွယ်ရောက်လာသောအခါ ယဲ့ဖန်သည် ယဲ့မိသားစု၏ တရားမဝင်သား ဖြစ်သောကြောင့် သိမ်ငယ်စိတ်ဝင်ကာ အန်းရှီနှင့် ခပ်တန်းတန်းသာ နေခဲ့သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now