Chapter 153

1.9K 177 0
                                    

စာစဉ် (11) Chapter (153) သူ…. မသေနိုင်ပါဘူး!

*ကုန်းယွင်ဖေးရဲ့ ကဗ္ဗည်းတိုင်ရှေ့မှာ အကြိမ် ၁၀၀ ဒူးထောက် ဝပ်တွားရမယ်*

*လူသတ်သမားကို မင်းတို့ စိတ်ရှိသလောက် ဆဲဆိုရမယ်*

*အဲ့ဒါမှ လေးယောက်မြောက် သခင်လေးရဲ့ ခွင့်လွှတ်မှုကို ရရှိမယ်*

လော့စစ်၏ စကားလုံးများသည် အလွန် မက်မောစရာ ကောင်းလှပေ၏။ စကားအနည်းငယ်လောက်နှင့် သူတို့၏ စိတ်ဓာတ် အခြေအနေ ယိုယွင်းပျက်စီးလာအောင် လုပ်နေသလိုပင်။

သို့သော် သူ့စကားကို ကြားသည်နှင့် ဝံပုလွေရိုင်းနှင့် အခြားသူ ကိုးယောက်လုံး လှောင်ရယ်ကြလေသည်။

*ဟမ်?*

သူတို့၏ အမူအရာများကို သတိထားမိပြီး လော့စစ် မျက်မှောင်ကြုတ်ကာ အေးစက်စက် မျက်လုံးများဖြင့် မေးလိုက်သည်။

"ဘာလဲ? မင်းတို့က အဲ့ခွေးမသားအတွက် အသေခံမလို့လား?"

*ခွေးမသား?*

သူ့စကားကြောင့် ဖေးချမ် ဒေါသထွက်ကာ ကြုံးဝါးလိုက်သည်။

"သေခြင်းတရားအကြောင်း နကန်းတစ်လုံးတောင် မသိတဲ့ မင်းကမှ ခွေးမသားကွ"

"မင်းက ရေတွင်းအောက်ခြေက အမြင်ကျဉ်းတဲ့ ဖားပြုတ်သာသာပဲ ရှိတယ်၊ သူ ဘယ်လိုလူမျိုးလဲဆိုတာ မင်း မသိဘူး၊ မဟုတ်ဘူး… သူက ဘယ်လိုနတ်ဘုရားမျိုးလဲဆိုတာ မင်း မသိဘူး"

ဖေးချမ်၏ စကားကြောင့် လော့စစ်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။ ထို့အပြင် ဝံပုလွေရိုင်းက လော့စစ်အား လူပြက်တစ်ယောက်အား ကြည့်သလို အထင်မြင်သေးစွာ ကြည့်ကာ အော်ဟစ်လိုက်သည်။

"စောက်ရူး…အိပ်မက်မက်မနေနဲ့၊ ယဲ့ဖန်က ငါ့သခင်ကြီးကွ၊ ငါ့တစ်သက်လုံး သူ့ရဲ့ ကျေးကျွန်အဖြစ် ရှိနေမှာ၊ မင်း ဒါကို နားမလည်နိုင်ဘူး"

ဝံပုလွေရိုင်း၏ ပြတ်သားသော စကားများကြောင့် လော့စစ်၏ မျက်လုံးများက အံ့ဩဟန်ပေါက်နေသည်။

ထို့နောက် သူက သွေးစွန်းတစ္ဆေအား ကြည့်ကာ ဆွဲဆောင်သော လေသံဖြင့် ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now