Chapter 167

1.9K 204 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (167) ဘယ်သူလာဦးမလဲ

အား…အား…အား…

သနားစဖွယ် အော်ဟစ်သံများက ဘားတစ်ခုလုံးသို့ ဟိန်း၍ ထွက်ပေါ်လာသည်။

ယဲ့ဖန် သည်မျှ ရက်စက်လိမ့်မည်ဟု မထင်ထားသဖြင့် မိန်းမလှလေးက မယုံနိုင်သည့် အကြည့်များနှင့် ဖြစ်နေလေ၏။

"ငါ့ရင်သားတွေ…နင်…နင် ယုတ်မာလိုက်တဲ့ကောင်"

ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း မိန်းမလှလေးသည် နာကျင်မှုကြောင့်ရော ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေသည်။

*ငါတော့ သွားပါပြီ*

သူမ အလွန်ဂုဏ်ယူရသည့် ရင်သားများ အဖြတ်ခံ လိုက်ရလေပြီ။ သူမ ဘဝ တစ်ခုလုံးတော့ ရစရာ ရှိတော့မည်မဟုတ်။

ထို့အတူ ဘားထဲရှိ အခြားသူများသည်လည်း မှင်တက်နေကြသည်။

*ဒါ…ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ရို့ယွီတောင်မှ မှင်တက်သွားရသည်။ ယဲ့ဖန်၏ ရက်စက်ပုံထက် သူ၏ လျင်မြန်နှုန်းကြောင့် သူမ ထိတ်လန့်သွားရခြင်း ဖြစ်သည်။

*တ…တအား မြန်တာပဲ*

မျက်လုံးလေး ကလယ်ကလယ်နှင့် ယဲ့ဖန်ထက် လျင်မြန်စွာ လှုပ်ရှားနိုင်သည့်သူ ဆို၍ သူမအဖေသာ ရှိတော့မည်ဟု ရို့ယွီ ထင်လိုက်မိသည်။

"အစောင့်တွေ…အစောင့်တွေ…"

ထိုစဉ် မော့ထျန်းချန်က ထိတ်လန့်ကာ ဒေါသတကြီးနှင့် တံခါးဝသို့ လှမ်းအော် လိုက်သည်။

သူ့အသံကြောင့် လူတစ်စုက ဘားထဲ လျင်မြန်စွာ ပြေးဝင်လာသည်။

ဘားထဲ ဝင်လာသည့် သူများသည် သခင်လေးများ၏ သက်တော်စောင့်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် ကြမ်းတမ်းသော ရုပ်ရည်နှင့် ဒေါင်ကောင်းသည့်သူများ ဖြစ်ကြသည်။ စုစုပေါင်း လူ အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိသည်။

"သခင်လေး ဘာဖြစ်လို့ပါလဲ"

သက်တော်စောင့်‌ ခေါင်းဆောင်သည် ကြယ်နှစ်လုံး အဆင့် ရှိသူ ဖြစ်သည်။ သူ ဘားထဲ ဝင်လာသည်နှင့် မော့ထျန်းချန်အား ဇဝေဇဝါဖြင့် မေးလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now