Chapter 7

4.3K 499 10
                                    

အပိုင်း () ရှင် ဒီလောက်အရှက်မရှိတာကို ရှင့်အမေရော သိရဲ့လား

နွေဦးရာသီဖြစ်သောကြောင့် ကျန်းရှီမြူနီစီပယ် စီနီယာအထက်တန်းကျောင်းရှိ သစ်ပင်များသည် စိမ်းလန်းစိုပြည်နေကာ သစ်ပင်များ၏ အကိုင်းအခက်များသည် ဖြတ်သန်းသွားလာသူများအား အရိပ်ပေးလျက် ရှိသည်။

ကျောင်းဝန်းအတွင်းတွင် လူနှစ်ယောက် အေးအေးဆေးဆေး ဘေးချင်းယှဉ်၍ လမ်းလျှောက်နေကြသည်။

ပိုင်ယီသည် ယဲ့ဖန်၏ ချောမောသောရုပ်ရည်အား စပ်စုသောအကြည့်ဖြင့် ကြည့်နေသည်။

သူမအဖိုးတောင် ကြောက်ရသည့်သူက ကျန်းရှီမြို့၏ သုံးစားမရသော တရားမဝင်သား ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ အထူးသဖြင့် ဒီနာမည်ကြီးလှသည့် သုံးစားမရသောသူက အန်ကယ်လ်ကျုံးအား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် ထိုးလိုက်နိုင်ခဲ့သည်ကို ပြန်သတိရမိပြီး ယဲ့ဖန်သည် အလွန်ထူးဆန်းသောသူ ဖြစ်သည်ဟု သူမ ခံစားမိသည်။

"ဟေး...ယဲ့ဖန်...ကျွန်မ ရှင့်ကို အကျပ်အတည်းထဲက လွတ်အောင် ကူညီခဲ့တယ်နော်...အဲ့ဒါကို ရှင် ဘယ်လို ပြန်ဆပ်မလဲ"

ထိုသို့ပြောပြီး ပိုင်ယီက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဥာဏ်များသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမစကားကြောင့် ယဲ့ဖန် လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ ဘေးသို့လှည့်ကာ ပိုင်ယီအား ရွှင်မြူးနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

"ငါ မင်းကို ဘယ်လို ပြန်ဆပ်ရမလဲ ဟုတ်လား...နေဦး..စဉ်းစားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်ပြီး မေးစေ့အား လက်ဖြင့်ပွတ်ကာ တစ်ခုခုကို တွေးနေဟန်ဆောင်လိုက်သည်။ စက္ကန့်ပိုင်းမျှ ကြာပြီးနောက် ယဲ့ဖန်က ပခုံးတွန့်လိုက်ပြီး ကူကယ်ရာမဲ့နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ငါ့မှာ ပိုက်ဆံကော ရာထူးပါ မရှိဘူး...ငါ့မှာ ရှိတာဆိုလို့ ဒီပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပဲ ရှိတယ်..အဲ့ဒီတော့ မင်းနဲ့ လက်ထပ်ပေးမယ်လေ..အဲ့ဒါဆို အဆင်ပြေလား"

ထိုသို့ ပြောပြီး ယဲ့ဖန် ခပ်ရေးရေး ပြုံးလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ငါက အဲ့နေရာမှာ ကျွမ်းကျင်တယ်..ငါ တစ်ညမှာ ဆယ်ကြိမ် ဆက်ဆံပေးနိုင်တယ်..တစ်ကြိမ်ကို တစ်နာရီနဲ့ပေါ့..တကယ်တော့ ငါက ပုံစံပေါင်း ၁,၈၈၈ ပုံစံနဲ့ နေရာပေါင်း ၇၂၀ ပြောင်းပြီး ဆက်ဆံတတ်တဲ့ နေရာမှာ ကျွမ်းကျင်တယ်...ငါက အိပ်ယာပေါ်မှာ၊ အနမ်းပေးတဲ့နေရာမှာ၊ ဆွဲဆောင်မှုရှိတဲ့နေရာမှာ၊ အသွင်းအထုတ်နေရာမှာရော သီချင်းဆိုတဲ့ နေရာမှာပါ ပြိုင်ဘက်ကင်းပဲ...ငါက အိပ်ယာပေါ်မှာ အကုန်လုပ်နိုင်တယ်...မင်း တွေးတောင် မတွေးမိတဲ့ အရာတွေကို ငါ လုပ်နိုင်တယ်"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now