Chapter 148

2.2K 202 2
                                    

စာစဉ် (10) Chapter (148) အိပ်မက်ဆိုး၏ အစ!

မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ဖန်သည် ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင် တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဖြစ်လာသည်။

ဓားကျိုးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီးနောက် ယဲ့ဖန်က ထိုသူကို ခုတ်ပိုင်းလိုက်သည်။

ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင်သည် တစ်ခဏမျှ ကြောင်နေပြီးမှ အထင်သေးသည့်ဟန်ဖြင့် ပြောလိုက်သည်။

"အဟက်…. ထိပ်တန်းအဆင့် ပုရွက်လေးကများ … သေချင်နေပြီလား"

ထို ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင်က ယဲ့ဖန်အား အလွန်အထင်သေးလို့နေသည်။

သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ထူးဆန်းသော လှည့်ကွက်အချို့တတ်သည့် ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင် အရူးတစ်ယောက်သာ ဖြစ်သည်။

ညအဖွဲ့၏ အရှင်သခင် သုံးယောက်သာ မရှိလျင် ယဲ့ဖန်တွင် မည်သည့်အခွင့်အရေးမျှ မရှိဟု သူ ယုံကြည်ထားသည်။

"ဟေ့ကောင်လေး…သေလိုက်တော့"

ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ ထိုအချိန်တွင် သူက ယဲ့ဖန်၏ ဓားကျိုးကို သူ၏ စူပါအလွိုင်း သံမဏိဓားဖြင့် အားကုန်သုံး၍ ခုခံရန် ရည်ရွယ်လိုက်သည်။

ဓားကို ခုခံပြီးတာနှင့် သူက ယဲ့ဖန်ကို တစ်ချက်တည်းနှင့် သတ်ပစ်ရန် ရည်ရွယ်ထားသည်။

ကလစ်!

ဓားကျိုးနှင့် သံမဏိဓားတို့ ထိပ်တိုက်ဆုံသည့်အခါတွင် အလင်းတစ်ချို့က ဝှီးခနဲ မြည်၍ ရွေ့လျားသွားသည်။

ဝှီး!

ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင်သည် လှောင်ရယ်နေရာမှ တောင့်ခနဲ ဖြစ်သွားသည်။

"မ…မဖြစ်နိုင်ဘူး"

သူ မျက်လုံးပြူး မျက်ဆံပြူးနှင့် မယုံနိုင်သလို ဖြစ်လို့နေသည်။

ထိုစဉ် သံမဏိဓားနှင့် အက်ရာများနှင့် ပြည့်နှက်လို့လာသည်။ ထို့နောက် သံမဏိဓားတစ်ခုလုံး တစ်စစီ ဖြစ်သွားတော့သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now