Chapter 102

2.4K 231 1
                                    

#unicode

စာစဉ် (7) Chapter (102) ကျင်းကတော့ အဆင်သင့်ပဲ၊ သူ့ကို မြေမြှပ်ဖို့ အချိန်တန်ပြီ

"ချမ်း မင်း သူ့ကို လက်စားမချေတော့ဘူးလား၊ ငါတို့ ဒီလောက် တစ်ခါမှ အရှုံးကြီး မရှုံးဖူးသေးဘူး"

"ဟုတ်တယ်၊ ချမ်း မင်းလက်မောင်းက ပြန်ဆက်လို့ မရနိုင်တော့ဘူး။ ငါ စိုးရိမ်တာက…"
လက်ပါးစေနှစ်ယောက်က ကားပေါ်ရောက်မှ မေးလိုက်သည်။

ကျုံးချမ်း၏ လက်မောင်းက သွေးထွက်နေဆဲဖြစ်ပြီး သူ့မျက်နှာကတော့ ဖြူဖတ်ဖြူရော် ဖြစ်နေကာ ချွေးများကလည်း တဒီးဒီးကျနေသည်။

ကျုံးချမ်းက သွေးရူးသွေးတမ်းနှင့် မလျှော့တမ်း ပြောလိုက်သည်။ "လက်စားချေဖို့လား၊ ငါ သေချာပေါက် သူ့ကို လက်စားချေမှာပေါ့ဟ"

ကျုံးချမ်း ယဲ့ဖန်ကို အလွန် မုန်းတီးကာ သူ့မျက်နှာထားကလည်း ဆိုးဆိုးရွားရွား ဖြစ်လာကာ "အဲ့ခွေးမသားက ငါ့ကို ကျိုးကန်းအောင် လုပ်မှတော့ ငါ သူ သေတာကိုပဲ လိုချင်တယ်"

ကျုံးချမ်းက ပို၍ ဆိုးဝါးသော မျက်နှာထားဖြင့် "ပြီးတော့ သခင်လေးစစ်ကို ငြင်းရဲမှတော့ အန်းရှီလည်း သေသင့်တယ်"

ထိုသို့ပြောပြီး
ကျုံးချမ်းက သူ့လက်ပါးစေနှစ်ယောက်ထဲက တစ်ယောက်ကို ပြောလိုက်သည်။
"ငါ့ဦးလေးကို ဖုန်းခေါ်ပြီးတော့ သခင်လေးစစ်ရဲ့ အစီအစဉ် B ကို စတော့လို့ ပြောလိုက်"

*အစီအစဉ် b*

လက်ပါးစေနှစ်ယောက်လုံး ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။

"အေးအေး ချမ်း"

လက်ပါးစေတစ်ယောက်က ဝမ်းသာအားရနှင့် နံပါတ်တစ်ခုကို ဖုန်းဆက်လိုက်သည်။
ကားပြတင်းမှန်မှတစ်ဆင့် ဆင်းရဲသားရပ်ကွက်ကို ကြည့်ကာ ကျုံးချမ်းက လှောင်ပြုံးပြုံးလိုက်သည်။

"ယဲ့ဖန်… ဒီနေ့ ငါ့ကို ရန်စခဲ့တဲ့ အကျိုးဆက်ကို မင်း ခံစားစေရမယ်။ မကျေပွဲတွေအားလုံးကို စာရင်းရှင်းကြတာပေါ့"

ယဲ့ဖန်၏ ရလဒ်ကို တွေးပြီး ကျုံးချမ်း လှောင်ပြုံးပြုံးလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now