Chapter 68

2.6K 280 0
                                    

#unicode

စာစဥ် (5) Chapter (68) ငါသူ့ကို လေးလေးစားစား ဆက်ဆံပါ့မယ်!

ယဲ့ဖန်က မှောင်ရိပ်ကျသော ထောင့်မှာ ငြိမ်ငြိမ်လေးထိုင်နေသည်။ သူက သခင်လေးထန့်၊ အားဆန်နှင့် စန်းပျောင်တို့ကို လျစ်လျူရှုထား၏။

ရုတ်တရက် အခန်း၏ မှောင်ရိပ်ကျသောနေရာမှ အဝတ်အစား ခပ်စုတ်စုတ်နှင့် ဖိုသီဖတ်သီပုံစံနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကို သူ သတိထားမိသွားသည်။

အယ်လ်ကိုဟော ပါဝင်နှုန်း မြင့်မားသည့် အရက်ပုလင်းကို ကိုင်၍ ထိုသူက အငမ်းမရ သောက်နေသည်။

၄၊ရပုလင်း သောက်ပြီးသွားတာတောင် ထိုသူက သွက်သွက်လက်လက် ရှိနေတုန်းပင်။

*သူက သန်မာသားပဲ*

ယဲ့ဖန် ချက်ချင်း မှတ်ချက်ချလိုက်သည်။ ထို့ပြင် ဒီသက်လတ်ပိုင်းအရွယ် လူကြီးက သူ သတ်ခဲ့သည့် လက်ခြောက်ချောင်းမြွေထက် ပို၍ သန်မာလိမ့်မည်ဟု သူ တပ်အပ်ပြောနိုင်သည်။

"စိတ်ဝင်စားစရာပဲ! စိတ်ဝင်စားစရာပဲ!"

ယဲ့ဖန် မျက်စိကို မှေးကာ စိတ်လှုပ်ရှားနေသည်။

"ကောင်လေး…နင် ဘာပြောနေတာလဲ?"

ထိုစဉ် ဖန့်ယင်းက ယဲ့ဖန်၏ ခေါင်းကို ဆော်လိုက်သည်။

နီမြန်းနေသောမျက်နှာနှင့် ဖန့်ယင်းသည် ယဲ့ဖန်က သူမထက် မှောင်ရိပ်ကျသောနေရာနားမှ လူကိုသာ အာရုံစိုက်နေသောကြောင့် ဒေါသထွက်နေသည်။

"ငါက အဲ့ဖိုသီဖတ်သီနဲ့ လူကြီးလောက်တောင် ဆွဲဆောင်မှုမရှိတာလား"

ဖန့်ယင်း ပို၍ ရှက်လာပြီး ထပ်ပြောလိုက်သည်။

"ငါတို့ အတူနေတဲ့ ပထမဆုံးနှစ်ပတ်လည်နေ့ ဟုတ်လား? ငါနဲ့ ကုတင်ပေါ်မှာ အကြိမ် ၃၀၀လောက် အတူနေမယ်!"

ဖန့်ယင်း၏ ဒေါသထွက်ကာ ရှက်ရမ်းရမ်းနေပုံကို ကြည့်ပြီး ယဲ့ဖန်က ပြီတီတီပြုံးကာ "မမလေး..ကျုပ်တို့က ဟန်ဆောင်နေတာ မဟုတ်ဘူးလား? တကယ် ဖြစ်ချင်တယ်ဆိုလည်း ကျုပ် မငြင်းပါဘူး"

*ဘာရယ်!*

*တကယ်ဖြစ်ချင်တယ်!*

ဖန့်ယင်း မျက်နှာက ပို၍ နီမြန်းလာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now