Chapter 198

1.8K 168 2
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (14) Chapter (198) ဝိညာဉ်ပြန်တောင်….သုသာန် တစပြင်

ဝိညာဉ်ပြန်တောင်၏ တောင်ခြေတွင် လူကိုးယောက်က ငြိမ်၍ ရပ်စောင့်နေကြသည်။ ဤနေရာသည် ယဲ့ဖန် နောက်ဒေသသို့ သွားရောက်ဖို့အတွက် လိုကိုလိုအပ်သည့် နေရာ တစ်ခု ဖြစ်သည်။

သူတို့ တစ်ယောက်ချင်းစီတိုင်းက လွှမ်းမိုး ချယ်လှယ်နိုင်သည့် သန်မာသော ချီဓာတ်များကို ထုတ်လွှင့်နေကြသည်။

ဆရာသခင် အဆင့်များ…

သူတို့သည် အင်အားအကြီးဆုံး ဆရာသခင် ကိုးယောက် ဖြစ်ပြီး သူတို့နောက်တွင် ဆရာသခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်တစ်ယောက်၊ ကြယ်သုံးလုံး အဆင့် ကိုးဆယ့်နှစ်ယောက်နှင့် ကြယ်နှစ်လုံး အဆင့် လေးရာရှစ်ဆယ့်နှစ်ယောက်တို့ ရပ်နေကြသည်။

ရှန့ကျန်းမြို့၏ ဒေသတစ်ခုချင်းစီတိုင်းမှ ထိပ်တန်း အင်အားစုများ အားလုံး နီးပါး ရှိနေကြ၏။

ထို့ပြင် တစ်ကိုယ်တည်း ပုန်းကွယ်၍ ကျင့်ကြံနေကြသော အင်အားစုများစွာလည်း ရောက်နေကြသည်။

သူတို့အားလုံး ယဲ့ဖန်ကို သတ်ဖြတ်မည့် စုဝေးပွဲသို့ လာရောက်ကြခြင်း ဖြစ်သည်။

"မာစတာယန် ခင်ဗျား အဲ့ပစ္စည်းကို ပြင်ဆင်ထားပြီးပြီလား"

ယွီပါ့က ဘေးသို့လှည့်ကာ နောက် ဆရာသခင်အဆင့် လူအိုကြီးကို မေးလိုက်သည်။

သူ့စကားကြောင့် မာစတာယန်က သွေးဆာနေသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျုပ် ကောင်းကောင်းကြီး ပြင်ထားတာ ကြာလှပါပြီဗျာ၊ အဲ့ခွေးကောင်လေး ဒီည သေကို သေရမှာပါ"

မာစတာယန်၏ စကားကို ကြားပြီး ကျန်သော ဆရာသခင်များက ခေါင်းညိတ်၍ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်ကြသည်။

ထို့နောက် ယွီပါ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်သဖြင့် သူ၏ သန်မာသော ချီဓာတ်များကြောင့် ငလျင်လှုပ်တော့မလို ဖြစ်သွားရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now