Chapter 13

3.6K 451 15
                                    

#unicode

ငရဲမှလာသောသူ
စာစဉ် (၁) အပိုင်း (၁၃) ကျွန်တော် ခင်ဗျားကို နားလည်မှုလွဲခဲ့တယ်

မယုံနိုင်စရာပဲ!

ဖန့်ယင်း ဒီလောက် ဉာဏ်ရည်ထက်မြက်သည့်သူမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပေ။

မာတိကာကို မှတ်မိနိုင်သည့် ဉာဏ်ရည်ရှိသောသူပင် စာလုံးတစ်လုံးချင်းစီတိုင်း၏ တည်နေရာကို အတိအကျ မှတ်မိနိုင်မည် မဟုတ်ပေ။

သို့သော် ယဲ့ဖန်ကတော့ မှတ်မိနေသည် မဟုတ်ပါလား။

ယဲ့ဖန် ထူးဆန်းနေသည်ကို ဖန့်ယင်း ရုတ်တရက် သတိရလိုက်သည်။

အရင်တုန်းက ယဲ့ဖန်သည် ကြောက်ရွံ့တတ်ကာ သိမ်ငယ်တတ်ပြီး ကျောင်းသားများ၏ အလှောင်ခံ ဖြစ်ခဲ့သည်။ ယခုတော့ သူက ရွှတ်နောက်နောက်နှင့် ထူးဆန်းလာသည်။

ဖန့်ယင်းအမြင်တွင်တော့ ယဲ့ဖန်သည် တစ်ခုခုကို ဖုံးကွယ်ထားသည့်ဟန် ရှိပြီး ထိုအရာကပင် သူ့ကို ထူးဆန်းသည့်အသွင် ဖြစ်အောင် ပြုလုပ်ပေးနေသလိုပင်။
"ယဲ့ဖန် နင်… နင် ဘယ်လိုလုပ်လိုက်တာလဲ?"  ဖန့်ယင်း ယဲ့ဖန်အား စိုက်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူမ မေးလိုက်သည့် စကားကို ကြားပြီး ယဲ့ဖန် တစ်ခဏမျှ ကြောင်သွားသည်။ ထို့နောက် သူ့ခေါင်းသူ ကုတ်ကာ အူကြောင်ကြောင် ဖြစ်နေသောရုပ်နှင့် ပြန်ပြောလိုက်သည်။

"ကျွန်တော် ဖတ်ကြည့်လိုက်တယ်လေ ပြီးတော့ ကျွန်တော် မှတ်မိသွားတာပဲ။ ဘာဖြစ်လို့လဲ။ ဘာပြဿနာ ရှိလို့လဲဗျ။"

**ဘာဖြစ်လို့လဲ။**

သာမန်ကာလျှံကာ ပြောလိုက်သော စကားကြောင့် ဖန့်ယင်း မေ့လဲမတတ် ဖြစ်သွားရသည်။

**ဘာပြဿနာ ရှိလို့လဲ ဟုတ်လား**

**ပြဿနာ အကြီးကြီး ရှိတာပေါ့ဟဲ့**

**တစ်ခြားကျောင်းသားတွေဆို တစ်လလောက် ဖွတ်ဖွတ်ညက်ညက်ကြေအောင် လေ့လာပြီးမှ မှတ်မိမှာကို ဒီကောင်က မြင်ရုံနဲ့ မှတ်မိသွားတယ်။ ဒါ မယုံနိုင်စရာပဲ။ သူသာ စာအုပ်တိုင်းကို ခဏဖတ်ရုံနဲ့ မှတ်မိမယ်ဆိုရင် သူ ဘာသာတိုင်း အမှတ် (၁၀၀) ရနေတော့မှာပဲ။**

ငရဲမှလာသောသူ [Chapter 1 to 200]Där berättelser lever. Upptäck nu