Chapter 44

2.9K 336 5
                                    

#unicode

စာစဥ် (၃) အပိုင်း (၄၄) ယဲ့ဖန်၏ အဖိုးအခ

* ငါ လုံးဝ စိတ်မဝင်စားဘူး… ငါ လုံးဝ စိတ်မဝင်စားဘူး*

ယဲ့ဖန် ပြန်ပြောလိုက်သည့်စကားကြောင့် အားလုံး မှင်တက်သွားရသည်။

ဒီကောင်က ကျောင်းရဲ့ နံပါတ်တစ် အလှလေးနဲ့ ညစာအတူစားဖို့ စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်!

*သေလိုက်ပါတော့ကွာ!*

*သူ စောက်ရမ်း လွန်သွားပြီ!*

*အို..ဘုရားသခင်…အဲ့ကောင်ကို မသေမချင်း မိုးကြိုးပစ်ချပေးတော်မူပါ*

ယောင်နာသည်လည်း အလွန်ထိတ်လန့်နေသည်။

ပိုင်ယီသည် ကျောင်းသားတိုင်း၏ အလှဆုံး နတ်ဘုရားမလေး ဖြစ်ရုံသာမက ကျောင်းသူတိုင်း၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ ကျောင်းသူတိုင်း သူမပြုမူနေထိုင်သကဲ့သို့ တုပ၍ နေထိုင်ချင်သော မိန်းကလေးမျိုး ဖြစ်သည်။

ထို့ကြောင့် ပိုင်ယီသည် ကျိန်းသေပေါက် ယောင်နာ၏ စံပြပုဂိ္ဂုလ်လည်း ဖြစ်၏။ သို့သော် ဟိုသကောင့်သားက သူမ၏ အိုင်ဒေါလ်နှင့် ညစာအတူစားရန် လုံးဝစိတ်မဝင်စားဘဲ နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

*မဖြစ်နိုင်ဘူး…ပိုင်ယီက ဘာလို့ ယဲ့ဖန်ကို ချစ်မိသွားရမှာလဲ? ဒါ လုံးမ မဖြစ်နိုင်ဘူး* ယောင်နာ လုံးဝ မယုံပါ။

ထို့ပြင် လူအုပ်ကြားထဲမှ ယုဖေးသည်လည်း ခါးသီးစွာ ပြုံးလိုက်မိသည်။

*ပိုင်ယီတောင် သူ့ကို ချစ်မိသွားလောက်အောင် သူက ဒီလောက် ဆွဲဆောင်မှု ရှိလိမ့်မယ်လို့ ငါ မထင်ထားလိုက်မိဘူး*

ယုဖေး ပို၍ ခါးသီးစွာ ပြုံးလိုက်မိသည်။ ပိုင်ယီက ယဲ့ဖန်၏ လက်မောင်းကိုချိတ်ကာ သူမက ယဲ့ဖန်၏ ချစ်သူပါဟု ကျောင်းပေါက်ဝ၌ ပြောခဲ့သည်ကို သူမ အခုထိ မှတ်မိနေသေးသည်။ အခုတော့ ပိုင်ယီပါ အငြင်းခံနေသည်။

*သေစမ်း… ဒီကောင်က ပိုင်ယီရဲ့မျက်နှာကိုတောင် မကြည့်ဘူး*

ပိုင်ယီ စိတ်ဆိုးလွန်း၍ နှုတ်ခမ်းကိုက်ထားမိသည်။ ကျောင်းရဲ့ နံပါတ်တစ် အလှလေး ဖြစ်သော သူမက အခုမှ ပထမဆုံးအကြိမ် ကျောင်းသားတစ်ယောက်ကို ညစာဖိတ်ကျွေးဖူးခြင်း ဖြစ်သည်။ မထင်မှတ်ထားဘဲ သူမ အငြင်းခံလိုက်ရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now