Chapter 117

2.2K 209 4
                                    

#unicode
စာစဥ် (8) Chapter (117) ကောင်းကင်ဘုံ တားမြစ် အမြုတေကျောက်

*နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုး*

မာစတာကူး၏ စကားကြောင့် လူအုပ်ကြားထဲ ဆူညံပွက်လော ရိုက်သွားသည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး၊ ဆိုင်ရှင်နှင့် ဖြတ်သွားဖြတ်လာများ အပါအဝင် လူတိုင်း၏ မျက်ဝန်းများတွင် တအံ့တဩဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်လို့နေသည်။

"မာစတာကူး ခင်ဗျား မာစတာ မော့ကျစ်ဖူရဲ့ ဂန္တဝင်မြောက် လက်ရာဖြစ်တဲ့ ထန်မင်းဆက်ခေတ်က အင်မော်တယ် လက်ဘက်ရည်ကို ပြောချင်တာလား? ဒါ.. ဒါ လုံးဝ မဖြစ်နိုင်ဘူး"

"ထန်မင်းဆက်ခေတ်က မာစတာ မိုကျစ်ဖူက သူ့ရဲ့ လက်ရာမြောက်တဲ့ လက်ဘက်ရည်နဲ့ ထူးခြားတဲ့ လက်ဘက်ရည်အိုးကြောင့် ထင်ရှားခဲ့တာ။ သူ့ရဲ့ လက်ရာတိုင်းက စုဆောင်းသူတွေအတွက်တော့ ရှာမှရှားတဲ့အရာတွေပဲ။ နာမည်အကြီးဆုံး လက်ရာကတော့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးပဲ။ ဒါကို ဒီနေရာမှာ လာတွေ့ရတာပါလား"

"ကမ္ဘာပေါ်မှာ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက တစ်စုံပဲ ရှိတယ်လို့ ဆိုကြတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို တူးဖော်ရရှိပြီး လေလံပစ်တော့ ဈေးအများဆုံး ယွမ် ၅၀ မီလီယံနဲ့ လေလံရသွားခဲ့တယ် ဆိုပဲ"

"ဟုတ်တယ်၊ အဲ့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက တစ်ကမ္ဘာလုံးကို အကြီးအကျယ် ထိတ်လန့်စေခဲ့တာ။ ဒီတစ်ခုကသာ အဲ့လက်ဘက်ရည်အိုး အစစ်အမှန်ဆိုရင် တော်တော်လေးကို တန်ဖိုးကြီးမှာပဲ"

"ဟာ… ဒါ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးပဲ။ တကယ့်ကို ရှာမှရှားတဲ့ ပစ္စည်းကွ။ ငါ တစ်သက်လုံး ထိုင်ကြွားနေလို့ရပြီကွာ"

ဘေးကကြည့်နေသူများကြား ချက်ချင်းဆိုသလို ဆူညံလာသည်။

လူတိုင်း ထိန်းမနိုင် သိမ်းမရဖြစ်နေကြသည်။

*လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းကတောင် ပျက်စီးနေတဲ့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက ယွမ် ၅၀ မီလီယံနဲ့ ရောင်းရတာ*

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now