Chapter 189

1.8K 188 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (189) နတ်ဆိုး အစောင့်အရှောက်များ

*သေသွားပြီ…သူသေသွားပြီ*

လီကျိုးယောင်၏ ခေါင်းမပါသော ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွားသည်ကို ကြည့်ရင်း ရှန့်ကျန်းမြို့မှ ကြည့်နေသူများအားလုံး ချက်ချင်းဆိုသလို မှင်တက် သွားကြသည်။

ရှန့်ကျန်းမြို့သူမြို့သားများ၏ ရင်ထဲမှ နတ်ဘုရားဖြစ်သော ဆရာသခင်အဆင့် လီကျိုးယောင်သည် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရလေသည်။

ဆရာသခင်အဆင့်များက ထိပ်တန်း အဆင့်ပညာရှင်များ ဖြစ်သည်ဟု သူတို့ ယုံကြည် ထားခဲ့သော်လည်း ဆရာသခင်များပင် အသတ်ခံရနိုင်သည် ဆိုတာကို ယဲ့ဖန်က သက်သေပြသွားခဲ့လေပြီ။

ရှန့်ကျန်း တစ်မြို့လုံး ပွက်လောရိုက်သွားခဲ့သည်။ ခြံဝန်းအနှံ့တွင် ရှန့်ကျန်းအင်အားစု၏ အလောင်းများ ထပ်နေသည်ကို ကြည့်ပြီး အရိုးခဲမတတ် ချမ်းစိမ့်လာကြသည်။

ရှန့်ကျန်းအင်အားစုတိုင်း အသတ်ခံခဲ့ရသည်။ အသက်ရှင် ကျန်ရစ်သူဟူ၍ တစ်ယောက်မှပင် မရှိချေ။

ဤသည်ကား ရှန့်ကျန်းမြို့ သိုင်းပညာသမိုင်းတစ်လျှောက် အမှောင်မိုက်ဆုံး နေ့ရက် ဖြစ်ပေတော့သည်။

တောက်! တောက်!

ယဲ့ဖန်လက်ထဲရှိ ဓားကျိုးများ သွေးများ တစက်စက် ကျနေသည်။ ၎င်းသည် ဆရာသခင်တစ်ယောက်၏ သွေးပင် ဖြစ်သည်။

ယဲ့ဖန်၏ အဝတ်အစားများတွင် ရှန့်ကျန်းအင်အားစု၏ သွေးများဖြင့် ရွှဲရွှဲစိုလို့နေသည်။ ထို့ကြောင့် သူသည် ကြောက်မက်ဖွယ် ကောင်းသည့် သွေးဆာနေသော လူနှင့် သဏ္ဍာန် တူလှပေသည်။

ထို့နောက် ယဲ့ဖန်က ခက်ထန်သော မျက်လုံးများဖြင့် သတင်းထောက်များနှင့် အွန်လိုင်းဆယ်လီများကို လှည့်ကြည့်လိုက်သည်။

ထိုစဉ် သတင်းထောက်များနှင့် အွန်လိုင်းဆယ်လီများ အားလုံး ဆန်စက်ထဲ ထည့်၍ စပါးလှေ့ခံနေရသည့် စပါးစေ့များကဲ့သို့ ကတုန်ကယင် ဖြစ်လာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now