Chapter 192

1.7K 166 8
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (192) ဒါ သောက်ရမ်း မမိုက်ဘူးလား

အားကစားကွင်းရှိ မိုးမခင်ပင်အောက်၌…
လေပြင်းများ တိုက်ခတ်လာကာ ကောင်းကင်သည်လည်း နတ်ဆိုးချီများနှင့် ဖုံးလွှမ်းလို့ လာသည်။

အနက်ရောင် နတ်ဆိုးချီသည် ဆိုးယုတ်၍ မကောင်းဆိုးဝါး ဆန်လှသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဆိုးတစ်ကောင်၏ မျက်နှာက နတ်ဆိုးတစ်ကောင် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသကဲ့သို့ ကောင်းကင်ထက်၌ ပေါ်ထွက်လာသည်။

ထိုနတ်ဆိုးက ယဲ့ဖန်က ကျေနပ်သလို ပြုံးကြည့်ကာ အဟန့်ကောင်းသော အမူအရာဖြင့်‌ အော်ပြောလိုက်သည်။

"လူငယ်လေး … မင်း တော်ပါပေတယ် … မင်းက ပြိုင်ဘက်ကင်း နတ်ဆိုး နဂါးဘုရင် ငါ့ကို လွှတ်ပေးခဲ့တယ်၊ ငါ မင်းဆန္ဒတွေထဲက တစ်ခုကို ဖြည့်ဆည်းပေးမယ်"

သို့သော် ယဲ့ဖန်က နတ်ဆိုး၏ မျက်လုံးကိုသာ ရှုတည်တည်ဖြင့် စိုက်ကြည့်နေသည်။

*အင်*

ထိုအခိုက်တွင် နတ်ဆိုးသည် တစ်ခဏမျှ ကြောင်အသွားပြီးမှ သူ ဆက်ပြောလိုက်သည်။

"မင်း ငါ့တပည့် လုပ်မလား။ ငါက ဘယ်သူမှ မလွန်ဆန်ရဲတဲ့ စကြဝဠာ ပြိုင်ဘက်ကင်း နတ်ဆိုး နဂါး ဧကရာဇ်ပဲ"

"ငါ့အချိန်တွေတုန်းက စကြဝဠာထဲက အလှလေးများစွာက ငါ့ကို အိပ်ရာထဲမှာ ပြုစုပေးချင်ခဲ့ကြတာ။ စကြဝဠာထဲက ပါရမီရှင်တွေက ငါ့ရှေ့ ဒူးထောက်ပြီး ငါ့တပည့် ဖြစ်ပါရစေလို့ ငိုယို တောင်းဆိုခဲ့ကြတာ။ ဒါပေမယ့် ငါ သူတို့အားလုံးကို ငြင်းခဲ့တယ်။ လူငယ်လေး … မင်း ဒီနေ့ တော်တော်ကံကောင်းတာပဲ"

နတ်ဆိုးက သူ၏ တောက်ပခဲ့သော အချိန်များကို သတိရကာ အထီးကျန်ဆန်သော အပြုံးမျိုး ပြုံး၍ ဆက်ပြောနေသည်။

သို့သော် ယဲ့ဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်ပင်။

….

ထို့နောက် နတ်ဆိုးနဂါးက ယဲ့ဖန်အား သူ၏ အပြာရောင် မျက်လုံးများနှင့် စိုက်ကြည့်ကာ မေးလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now