Chapter 97

2.4K 201 0
                                    

#Unicode
စာစဉ်(7) Chapter (97) မင်း တကယ် သေချင်နေတာပဲ!
အက်ကွဲသံနှင့်အတူ သွေးအေးတစ္ဆေတစ်ယောက် အလွန် ထိတ်လန့်ကာ မယုံနိုင်သော အမူအရာဖြင့် တောင့်တောင့်ကြီး ဖြစ်နေသည်။
သူ့ဦးခေါင်းသည်ကား ယဲ့ဖန်လက်ချက်ကြောင့် ကြေမွသွားချေပြီ။
*ဒါ… ဒါ လုံးဝမဖြစ်နိုင်ဘူး*
တစ်ချက်တည်းနှင့် ယဲ့ဖန်က သွေးအေးတစ္ဆေ၏ ခေါင်းကို ကြေမွသွားအောင် လုပ်လိုက်တယ်!
သွေးအေးတစ္ဆေ၏ အမူအရာက သရဲသဘက်ကို မြင်လိုက်ရသည့်ပုံပင်။
ယဲ့ဖန်က သူ့အား တစ်ချက်တည်းနှင့် သတ်လိုက်နိုင်သည့်အတွက် သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများက အထင်းသား ပေါ်လွင်နေသည်။
ဘုတ်ခနဲ အသံနှင့်အတူ သွေးအေးတစ္ဆေ၏ ကိုယ်က မြေကြီးပေါ်သို့ အမှိုက်အိတ်သဖွယ် ပြုတ်ကြသွားသလို လူတိုင်း၏ ရင်ထဲတွင်လည်း တူနှင့် အထုခံလိုက်ရသလို ခံစားလိုက်ရသည်။
*သေသွားပြီ.. သူ သေသွားပြီလား?*
စစ်ခုန်ထို့ မျက်လုံးအပြူးသားနှင့် *ဒါ.. ဒါ မဖြစ်နိုင်ဘူး*
*သွေးအေးတစ္ဆေက ရှစ်ခြမ်းခွဲ အဘိုးကြီးလိုပဲ အင်အားကြီးတာလေ၊ ရှစ်ခြမ်းခွဲ အဘိုးကြီးတောင် ယဲ့ဖန်ကို တောက်လျှောက် ပြန်ဆုတ်နိုင်အောင် လုပ်နိုင်တာကို သွေးအေးတစ္ဆေက ယဲ့ဖန် တစ်ချက်တည်းနဲ့ သတ်တာကို ခံလိုက်ရတယ်တဲ့လား?*
စစ်ခုန်ထို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။
*သေစမ်း*
နတ်ဆိုးအိုကြီးက ယဲ့ဖန်အား တုန်လှုပ်စွာ ကြည့်ရင်း ပြောလိုက်သည်။ "အဲ့ကောင်မှာ လျှို့ဝှက်ထားတဲ့ တိုက်ပွဲဝင်ခွန်အားတွေ အများကြီး ရှိနေသေးတယ်။ မြန်မြန် ပြန်ဆုတ်ကြ"
နတ်ဆိုးအိုကြီးက အရူးမဟုတ်ပါ။ သွေးအေးတစ္ဆေတောင်မှ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ၊ သူတို့သုံးယောက်သာ အတူတူဝိုင်းမတိုက်လျင် သူတို့ ယဲ့ဖန်ကို လုံးဝမနိုင်နိုင်ပါ။
ထို့ကြောင့် နတ်ဆိုးအိုကြီးက အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူ့နည်းတူ နတ်ဆိုးလက်နှင့် သတ်ဖြတ်သူတို့သည်လည်း နောက်ပြန်ဆုတ်လာကြသည်။
အကြီးအကဲသုံးယောက်သည် သူတို့ ယဲ့ဖန်ထံ ပြေးဝင်လာခဲ့တုန်းက အရှိန်ထက် ပိုမြန်သည့် နှုန်းနှင့် နောက်သို့ ဆုတ်လိုက်ကြသည်။
စက္ကန့်ပိုင်းအတွင်း သူတို့ ဆယ်မီတာကျော်လောက် နောက်ပြန်ရောက်သွားသည်။
သို့သော် သူတို့ နောက်ပြန်ဆုတ်နေစဉ်မှာပင် လေအေးတစ်ချက် တိုက်လာသည်။
မသဲမကွဲ အသံတစ်ချက်နှင့် နတ်ဆိုးလက် ချက်ချင်း တုန်ယင်လာသည်။
သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ လက်တစ်ဘက်က သူ့နောက်ကျောက သူ့နှလုံးသားဆီသို့ ထိုးဖောက်၍ ဝင်နေသည်ကို မြင်လိုက်ရသည်။
ထိုလက်တစ်ဘက်တွင် သွေးများဖြင့် ပေကျံနေပြီး နှလုံးတစ်ခုကို ကိုင်ထားသည်။
နှလုံးက ဆက်၍ ခုန်နေဆဲဖြစ်ပြီး ထိုနှလုံးများ သွေးများ တစက်စက် ကျနေသေးသည်။
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် လူတိုင်း တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထလာသလို ခံစားလိုက်ရသည်။
"ငါ့ … ငါ့နှလုံး.."
နတ်ဆိုးလက် တောင့်တောင့်ကြီးဖြစ်နေကာ ထိုလက်ကြီးထဲမှ သူ့နှလုံးကို ပြာနှမ်းနေသော မျက်နှာဖြင့် ကြည့်နေမိသည်။
သူ တိုက်ခိုက်သည့်အခါတိုင်း တစ်ဖက်လူ၏ နှလုံးကို ဆွဲထုတ်ရသည်ကို သူ နှစ်သက်သည်။ ယခုတော့ သူ့နှလုံးသားကို အခြားလူတစ်ယောက်က ဆွဲထုတ်သွားချေပြီ။
နတ်ဆိုးလက် မြေကြီးပေါ်သို့ ဘုတ်ခနဲ လဲကျသွားတော့သည်။
ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်နေကြသည်။
*သူ သေသွားပြီ*
*နောက်ထပ် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်းပါလား*
*စောက်ရမ်း…ကြောက်ဖို့ကောင်းတယ်*
ခြံဝန်းထဲရှိ လူတိုင်းသည် မြေကြီးပေါ်ရှိ သွေးအေးတစ္ဆေနှင့် နတ်ဆိုးလက်တို့၏ အလောင်းကို ကြည့်ပြီး ထိတ်လန့်နေကြသည်။
နတ်ဆိုးနှစ်ယောက်တို့ ဆယ်စက္ကန့်တောင် မပြည့်သေးသည့်အချိန်တွင်းမှာပင် တစ်ယောက်တစ်ချက်စီဖြင့် သေသွားကြလိမ့်ဟု သူတို့ ထင်မှတ်မထားမိကြပါ။
*မယုံနိုင်စရာပဲ*
"နတ်ဆိုး! သူက တကယ့်နတ်ဆိုးပဲ!"
ရိတ်သိမ်းသူတစ်ယောက် အကြီးအကျယ် ကြောက်လန့်ကာ ဘောင်းဘီထဲ သေးပေါက်ချမတတ် ဖြစ်နေသည်။ သူ ယဲ့ဖန်ကို ကြောက်လန့်တကြားနှင့် တအံ့တဩ ကြည့်နေမိသည်။
သွေးအေးတစ္ဆေနှင့် နတ်ဆိုးလက်တို့က သူ့ထက် အားမနည်းမှန်း သူ သိသည်။ သို့သော်လည်း သူတို့နှစ်ယောက်လုံး အချိန်တိုလေးအတွင်း အသတ်ခံလိုက်ရသည်။
ထို့ကြောင့် ရိတ်သိမ်းသူက စစ်ခုန်ကလန်သို့ ပြေးရမည့်အစား ယဲ့ကလန်သားများထံသို့ အသည်းအသန် ပြေးဝင်သွားသည်။
သူ ဝေးနိုင်သမျှ ခပ်ဝေးဝေး ပြေးချင်နေသည်။ ထိုနတ်ဆိုးလက်မှ သူ ဝေးဝေးပြေးချင်နေသည်။
သို့သော် ယဲ့အိမ်တော်၏ အပေါက်ဝသို့ သူ ရောက်ချိန်တွင် လက်ခနဲ တစ်ချက်ဖြစ်သွားကာ သူ့ခြေထောက်တစ်ဘက် လေထဲ မြောက်တက်လာသည်။
"အား" ရိတ်သိမ်းသူ ကတုန်ကယင်နှင့် လဲကျကာ အော်ဟစ်နေသည်။ သူ့ပေါင်တစ်ဘက်က ရေတံခွန်လို သွေးများ စီးကျနေသည်။
"ငါ့ခြေထောက်! ငါ့ခြေထောက်!"
ရိတ်သိမ်းသူ ချွေးဒီးဒီးကျကာ အော်ဟစ်နေသည်။ သူ ယဲ့ဖန်ကို တုန်လှုပ်စွာ ကြည့်နေမိသည်။
"ယဲ့… ယဲ့ဖန်… ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါကွာ..  ငါ့အပြစ်တွေ ကျေအောင် ငါ ဆပ်ပါ့မယ်.. ငါ့တစ်သက်လုံး ယဲ့ကလန်ရဲ့ အစေခံ လုပ်ပါ့မယ်ကွာ.. ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ.. ငါ ယဲ့ကလန်ရဲ့ ခွေးလို နေရမယ်ဆိုလည်း နေပါ့မယ်ကွာ"
ရိတ်သိမ်းသူ မသေချင်သေးပါ။ သူသည် တရုတ်ပြည်မြောက်ပိုင်းတွင် အလွန် အင်အားကြီးသည့်သူ ဖြစ်သည်။ သူ အသက်ရှင်ချင်သေးသည်၊ ခွေးလို နေထိုင်ရမည်ဆိုလည်း သူ စောဒကတက်နေမည် မဟုတ်ပါ။
"ခင်ဗျားက ခွေးလိုနေမယ်?"
ယဲ့ဖန်၏ မျက်လုံးက ရေခဲတမျှ အေးစက် တောက်ပလာကာ နတ်ဆိုးသဖွယ် ပြုံးလိုက်ပြီး
"ကောင်းပြီလေ… ဒါဆိုလည်း ခွေးလို သေလိုက်ပေါ့"
ထိုသို့ ပြောပြီး ယဲ့ဖန်က ဓားဖြင့် ပိုင်းချလိုက်သည်။
ရွှစ်!
နောက်ခြေထောက် တစ်ဘက် လေထဲ မြောက်တက်လာသည်။

အလင်းတန်းအချို့နှင့်အတူ ရိတ်သိမ်းသူ၏ ခြေလက်အင်္ဂါများ အပိုင်းပိုင်း ခုတ်ထစ်လိုက်ရသည်။
"အား"
သူ၏ စူးရှနာကျင်သံများက ခြံဝန်းအတွင်း ပဲ့တင်ထပ်နေသည်။
ရိတ်သိမ်းသူ အရမ်းနာကျင်နေပြီး သေချင်စိတ်များ တဖွားဖွား ဝင်လာသည်။ သူ သွေးကုန်တာမြန်လေ မြန်မြန်သေလေ ဖြစ်သည်။
သို့သော် ယဲ့ဖန်က သူ့ကို တစ်ချက်ပင် ထပ်မကြည့်တော့ပဲ နတ်ဆိုးအိုကြီးထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
ခြေသံများနှင့်အတူ နတ်ဆိုးအိုကြီး နှလုံးခုန်မြန်လာကာ မျက်နှာကလည်း မတရား ဖြူရော်လာသည်။
"ခွေးမသား"
နတ်ဆိုးအိုကြီး ချွေးဒီးဒီးကျနေသလို မျက်ခုံးတွေလည်း မတရားလှုပ်နေသည်။
သည်လောက် ရက်စက်သည့်သူမျိုး သူ တစ်ခါမှ မမြင်ဖူးပါ။ သူ့ရန်သူက သူ့ကို အသာတကြည် သတ်လိုက်လို့ရသည့် ပုရွက်ဆိတ်တစ်ကောင်ဟု ထင်မြင်နေလေသည်။
"ငါဘာလုပ်ရမလဲ? ငါ ဘာလုပ်သင့်လဲ?"
နတ်ဆိုးအိုကြီးတစ်ယော်က သူ ယဲ့ဖန်ကို ခွင့်လွှတ်ရန် တောင်းပန်နေလည်း သူ သေရမည်ကို သူ သိနေသည်။ ထို့ကြောင့် သူ ယဲ့ဖန့်ချန်ကို စိုက်ကြည့်နေမိသည်။
*ဟာ*
နတ်ဆိုးအိုကြီး တက်ကြွလာကာ ယဲ့ဖန့်ချန်ကို ချက်ချင်း လည်ပင်း ညှစ်လိုက်သည်။
"ခွေးမသားလေး.. ရပ်လိုက်စမ်း"
နတ်ဆိုးအိုကြီးက လှောင်ရယ်လိုက်ပြီး ယဲ့ဖန်အား သူ့အဖိုး သူ့မျက်စိရှေ့မှာတင် သေသွားတာကို ကြည့်စေချင်နေသည်။
"မင်း ငါ့ရှေ့မှာ ဒူးထောက်မယ်ဆိုရင် ငါ မင်းအဘိုးကို အသက်ရှင်ခွင့်ပေးမယ်၊ မဟုတ်လို့ကတော့ ငါ သူ့ကို ဂုတ်ချိုးသတ်ပစ်မယ်"
နတ်ဆိုးအိုကြီးက သူ့လက်ထဲတွင် ဓားစာခံတစ်ယောက် ရှိနေသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အလွန် ယုံကြည်မှုရှိကာ စိတ်ကြီးဝင်နေသည်။
စစ်ခုန်ထို့၊ အခြားစစ်ခုန်ကလန်သားများနှင့် ယဲ့လုံတို့ တိတ်တိတ်လေး ထွက်ပြေးရန် ကြံနေစဉ် ထိုအဖြစ်အပျက်ကြောင့် ထွက်ပြေးရန် ဟန်ပြင်ရာမှ ရပ်ကာ တိတ်တိတ်လေး သက်ပြင်းခိုးချ လိုက်သည်။
နတ်ဆိုးအိုကြီး ပြောတာကို ယဲ့ဖန် သဘောတူလိုက်လည်း သူ သေချာပေါက် သေမှာကို သူတို့ သိနေသည်။
ထို့နောက် သူတို့ ဝမ်းသာ ပျော်ရွှင်နေသည့် မျက်နှာများ ဖြစ်လာသည်။
ထိုစဉ် ယဲ့ဖန့်ချန်၏ မျက်နှာက အလွန် ပြာနှမ်းလာသည်။
ယဲ့ဖန်ကို စိုက်ကြည့်ကာ အကြောက်အလန့်ကင်းစွာ ပြောလိုက်သည်။
"ယဲ့ဖန်… သူ့ကို မယုံနဲ့.. သူ့ကို သတ်.. သူ့ကိုသတ်.. သူ့ကိုသတ်ပြီး မင်းရဲ့ ကျဆုံးသွားတဲ့ ကလန်သားတွေအတွက် လက်စားချေပေးပါ"
ကျန်ယဲ့ကလန်သားများအားလုံး စိတ်ဖိစီးနေကြသည်။ သူတို့ ကလန်ခေါင်းဆောင် သေသွားအောင် ယဲ့ဖန်အား မလုပ်ခိုင်းစေချင်ပါ။
ထိုစဉ် ခြေသံများကြောင့် နတ်ဆိုးအိုကြီးရဲ့ မျက်နှာက နီမြန်းလာကာ အော်ဟစ်လာသည်။
"ခွေးမသားလေး.. ရပ်စမ်း.. ဒူးထောက်ပြီး ငါပြောတာကို နားထောင်စမ်း.. မဟုတ်လို့ကတော့ မင်းအဘိုးကို ငါ သတ်ပစ်မယ်"
ယဲ့ဖန် ရှေ့ဆက်တိုးရဲလိမ့်မည်ဟု သူ မထင်ထားခဲ့မိပါ။
"ဒူးထောက်ရမယ်?" ယဲ့ဖန်က လှောင်ရယ်လိုက်ရင်း "ကျုပ် ဘယ်သူ့ရှေ့မှာမှ ဒူးမထောက်ဖူးဘူး.. ကျုပ်က ကျုပ်ကိုယ်ကျုပ်ပဲ လေးစားတာ.. ခင်ဗျားက သေချင်နေတာပဲ"
ပြောနေရင်း ယဲ့ဖန်၏ မျက်ဝန်း၌ ခရမ်းဖျော့ရောင် အလင်းတစ်ချက် လက်လာသည်။
ခရမ်းရောင် မျက်လုံး!
ဝိညာဉ် စားသုံးခြင်း!
ယဲ့ဖန်၏ ခရမ်းရောင်မျက်လုံးကို မြင်သောအခါ နတ်ဆိုးအိုကြီး ငေးငိုင်သွားကာ သူ့မျက်နှာက တွေဝေလာပြီးနောက် ဒေါပွလာသည်။ ယဲ့ဖန်၏ ရည်ရွယ်ချက်ကို သူ ရိပ်မိသွားလေသည်။
"ချီး.. သူက ငါ့ကို စိတ်ညှို့ချင်နေတာပဲ"
ယဲ့ဖန်က သူ့ကို စိတ်ညှို့ရန် ကြံစည်သည့်အတွက် နတ်ဆိုးအိုကြီး မယုံချင်သလို ဖြစ်နေသည်။ သူသာ စိတ်မမာလျင် ယဲ့ဖန်၏ စိတ်ရောကိုယ်ပါ ထိန်းချုပ်ချင်းကို ခံနေရပြီ ဖြစ်သည်။
သို့သော် ဤအချိန်ခဏလေးကပင် ယဲ့ဖန်အတွက် ယဲ့ဖန့်ချန်ကို ကယ်တင်ရန် အချိန်ရသွားပေသည်။
ယဲ့ဖန်က ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကာ နတ်ဆိုးအိုကြီး၏ ပခုံးကို သူ့လက်သီးဖြင့် ထိုးချလိုက်သည်။
နတ်ဆိုးအိုကြီး လွင့်ထွက်သွားသည်။
သို့သော် သူ မြေကြီးပေါ် ပြန်မကျခင် ယဲ့ဖန်က သူ့ကို ဖမ်း၍ အေးစက်စွာ ပြောလိုက်သည်။
"အရိုးချိုးချင်တာလား? ကျုပ်တော့ သဘောကျသား"
ယဲ့ဖန်က နတ်ဆိုးအိုကြီးအား တရစပ် ထိုးနှက်နေသည်။
ခွက်!
ခွက်!
ပေါက်ပေါက်ဆုပ်ဖောက်သည့်အသံနှင့် ဆင်တူသည့်အသံများ ခြံဝန်းအတွင်း ပဲ့တင်ထပ်နေသည်။
နတ်ဆိုးအိုကြီးကား သဲအိတ်သဖွယ် နေရာတကာသို့ လွင့်ထွက်နေသည်။ သူ၏ သနားစဖွယ် အော်ဟစ်နေသံများက ခြံဝန်းအတွင်း ပျံ့လွင့်နေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now