Chapter 43

2.9K 365 3
                                    

#unicode

စာစဥ် (၃)အပိုင်း (၄၃) ကျုပ် အေးအေးဆေးအေး နေပါရစေ!

နေသာသော နေ့တစ်နေ့၌ ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း၏ အားကစားကွင်းတွင်
P.E ချိန်အတွင်း ယဲ့ဖန်သည် အခြားအတန်းဖော်များနှင့် အတူ ရှိမနေဘဲ တစ်ယောက်တည်း အေးအေးလူလူ လမ်းလျှောက်လျက် ရှိသည်။

ယဲ့ဖန် ကျောင်းလာစရာမလိုသော်လည်း ထူးဆန်းမှုတစ်ခုကြောင့် လာနေရခြင်း ဖြစ်သည်။

ကျောင်းဝန်းအတွင်း နတ်ဆိုးချီဓာတ် တစ်ဟုန်ထိုး စီးဆင်းနေသည်ကို သူ သတိထားလိုက်မိသောကြောင့်ပင်။

နှစ်ရက်ခန့် နှံ့နှံ့စပ်စပ်လိုက်ရှာပြီးနောက် ထိုနတ်ဆိုးချီဓာတ်သည် ကျောင်းအားကစားကွင်းမှ ထွက်ပေါ်နေတာဖြစ်ပြီး အလွန်သန့်စင်သော ချီဓာတ်ဖြစ်သည်ကို ယဲ့ဖန် သိလိုက်ရသည်။

*ကျောင်းအားကစားကွင်းအောက်မှာ နတ်ဆိုးချီဓာတ် အလျှံအပယ် ရှိပုံရတယ်* ကစားကွင်း၏ ထောင့်တိုင်းကို လိုက်လေ့လာရင်း ယဲ့ဖန် တွေးလိုက်မိသည်။

*ဒါ နတ်ဆိုးမျက်လုံးများလား?*

ယဲ့ဖန် ချက်ချင်းလိုလို စိတ်လှုပ်ရှားလာရသည်။

*အဲ့ဒါသာ တကယ်ပဲ နတ်ဆိုးမျက်လုံးဆိုရင် ငါ လေ့လာခဲ့ရသလောက် အဲ့ထဲက နတ်ဆိုးချီဓာတ်က အတော်သန့်စင်မှာပဲ*

*နတ်ဆိုးမျက်လုံးထဲမှာသာ ငါ ကျင့်ကြံခွင့်ရမယ်ဆိုရင် နတ်ဆိုးချီဓာတ်စုဆောင်းခြင်း ပုံစံထက် ပိုပြီး အစွမ်းထက်မှာပဲ*

မိုးမခပင်ကို ကြည့်လိုက်ရင်း ယဲ့ဖန် လမ်းလျှောက်နေရာမှ ရပ်သွားကာ အံ့ဩသွားသည်။ နတ်ဆိုးမျက်လုံးက သူ့ခြေထောက်အောက်တည့်တည့်မှာ ရှိနေတယ်လို့ သူ ခံစားမိနေသည်။

*ဒါ ဒီနေရာပဲ! ဘယ်လောက်ကောင်းလိုက်လဲ*

ယဲ့ဖန် ချက်ချင်း မိုးမခပင်ပေါ် ခုန်တက်လိုက်ကာ သစ်ကိုင်းပေါ်လှဲ၍ မျက်လုံးမှိတ်လိုက်သည်။

မိုးမခပင်၏ သစ်ကိုင်းများကြားမှ သန့်စင်သော နတ်ဆိုးချီဓာတ် အမျှင်ပါးလေးတစ်စုသည် ယဲ့ဖန်၏ ကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွားပြီး သူ၏ ကိုယ်ပိုင်ချီဓာတ်အဖြစ်သို့ ပြောင်းသွားသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now