Chapter 137

2.1K 185 1
                                    

စာစဉ် (10) Chapter (137) နတ်ဆိုး၏သွေး!

ညအချိန်တွင် ကျန်းပေမြို့သည် အလွန် အုံ့မှိုင်း၍ အေးစိမ့်လို့နေ၏။

အေးမြသော လေညင်းက တိုက်ခတ်နေပြီး သစ်ရွက်များက မြေပေါ် ကြွေကျလာသည်။

Rolls Royces အမျိုးအစား ကားများက လေနှင့်အတူ အရှိန်အဟုန်ဖြင့် မောင်းနှင်လို့လာသည်။

ထို Rolls Royces အမျိုးအစားကား၏ ရှေ့ပိုင်းရှိ လိုင်စင်နံပါတ်ပြားတွင် ပိုင် A.8888! ဟူ၍ ရေးထားသည်။

ဤဇိမ်ခံကားကို ကျန်းပေမြို့၏ အင်အားအကြီးဆုံး မြေအောက်ဂိုဏ်း တစ်ခုဖြစ်သော လင်းတ ပိုင်ဆိုင်ကြောင်း ထိုဒေသခံများသာ သိပေသည်။

ကားပြတင်းမှန်မှ အပြင်ဘက်ကို ကြည့်ရင်း လင်းတ တွေဝေ ငေးငိုင်နေသည်။ သူရက် ၂ရက်တာခရီးမှ ကျန်းပေမြို့သို့ ယခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်သည်။ သို့သော် ကျန်းရှီမြို့၌ ဖြစ်ခဲ့သည့် ထိုညက အဖြစ်အပျက်များက သူ့စိတ်ထဲ သံမှိုလို စွဲထင်နေဆဲပင်။

"ခွေးရိုင်း ဒီကမ္ဘာပေါ်မှာ နတ်ဆိုး ရှိမယ်လို့ မင်းထင်လား?"

*အမ်?*

ကားမောင်းနေသော လူငယ်လေးသည် လင်းတ၏ အမေးကြောင့် အူကြောင်ကြောင် ဖြစ်သွားရသည်။

ကျန်းရှီမြို့၌ သူ့ဘော့စ် ဘာတွေများ ကြုံတွေ့လာခဲ့ရသလဲဆိုတာကို သူ သိချင်မိသည်။ သူ ပြန်လာပြီးနောက် သူ့ပင်ကိုစရိုက်က အတော်လေး ပြောင်းလဲသွားသည်။

မကောင်းဆိုးဝါး ဝင်ပူးခြင်း ခံထားရသလို သူက သူ့စိတ်ထဲ နတ်ဘုရားကဲ့သို့ ထင်မြင်နေသည့် လူတစ်ယောက်အကြောင်း ဆက်တိုက်ပြောနေခဲ့သည်။

"ဘော့စ် ကျွန်တော်တို့က သိပ္ပံခေတ်ကြီးမှာ နေနေတာလေ၊ နတ်ဆိုးမပြောနဲ့ ဘာသရဲ၊ ဘာနတ်ဘုရားမှ မရှိပါဘူးဗျာ"

ခွေးရိုင်းက လင်းတကို ပြုံး၍ ပြောလိုက်သည်။

"မင်း‌ သေချာလား?"

လင်းတက ကြောင်သွားပြီမှ ခံပြင်းနေသော မျက်လုံးများနှင့် ကြည့်နေသည်။

"ဒါပေမယ့် ငါ တကယ် နတ်ဆိုးတစ်ကောင်နဲ့ ကြုံခဲ့တာ"

အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်၏ ပုံရိပ်က သူ့စိတ်ထဲ ဆက်တိုက် ပေါ်လာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now