Chapter 170

1.9K 159 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (170) သူ့အသက်ကို ယူဖို့ ငါလာတာ

*လူသန်ကြီး လင်းပြောင်*

ကောင်းကင်ဘုံ နံပါတ်တစ်သည် ကောင်းကင်ဘုံမှ ကျဆင်းလာသော သူကို ကြည့်ပြီး ကြောက်လန့်ပြီး တုန်ယင်လာသည်။

မော့ဟမ်ရှန့် တစ်ခဏမျှ ကြောင်နေပြီးနောက် ကောင်းကင်ဘုံ နံပါတ်တစ်၏ အနောက်နား၌ ရပ်ကာ မေးလိုက်သည်။

"ဆာ…အဲ့လူက ဘယ်သူမို့လို့လဲ"

ကောင်းကင်ဘုံ နံပါတ်တစ် ဤမျှ ကြောက်လန့်သွားလိမ့်မည်ဟု သူ မထင်ထားမိပါ။ ကြောင်ရှေ့ မတော်တဆ ဝင်ပြေးမိသည့် ကြွက်တစ်ကောင်ကဲ့သို့ ကောင်းကင်ဘုံ နံပါတ်တစ် ကြောက်လန့်ပြီး တုန်နေသည်ကိုတောင် သူ သတိထားမိသည်။

မော့ဟမ်ရှန့်၏ အမေးကြောင့် ကောင်းကင်ဘုံ နံပါတ်တစ်သည် သူ့အစာအိမ်တောင် တုန်လှုပ်နေသည်ကို ခံစားမိပြီး ပြန်ပြောလိုက်သည်။

"သူ…သူက လုပ်ကြံသတ်ဖြတ်ရေးနဲ့ ကြေးစားအဖွဲ့တွေရဲ့ နယ်ပယ်မှာ ဘုရင်တစ်ပါးပဲ၊ တစ်ခါတုန်းက သူ ဗြိတိသျှ စစ်နတ်ဘုရား ခြောက်ယောက်နဲ့ အမေရိကားက ထိပ်တန်း ကြေးစားသမား လေးယောက်ကို သူတစ်ယောက်တည်း သတ်ခဲ့ဖူးတယ်၊ တစ်နေ့ထဲနဲ့ ကြယ်သုံးလုံး အဆင့် ကြေးစားဘုရင် နှစ်ဆယ့်သုံးယောက်လုံး သမိုင်းဝင်သွားခဲ့ဖူးတယ်"

"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အမေရိကန် လူသတ်ကလပ်က ကျင်းပတဲ့ ပြိုင်ပွဲမှာ ဆရာသခင်တစ်ပိုင်း အဆင့်နဲ့ အခြား ဆရာသခင်တစ်ပိုင်းအဆင့် သုံးယောက်ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ဖူးတယ်၊ အဲ့အချိန်ကစပြိး သူက အမေရိကားက မြေအောက်ဂိုဏ်းတွေကို တုန်လှုပ်သွားအောင် လုပ်ခဲ့တာပဲ"

"သူက…ထိပ်တန်းအဆင့် လုပ်ကြံရေးသမား၊ ကြေးစားနတ်ဘုရားနဲ့ မြေအောက်ဂိုဏ်း အားလုံးထဲမှာမှ အင်အားအကြီးဆုံး လူသန်ကြီး လင်းပြောင်ပဲ"

….

ကောင်းကင်ဘုံ နံပါတ်တစ်၏ ပြောပြချက်များကြောင့် မော့ဟမ်ရှန့် အံ့အားသင့် သွားရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now