Chapter 33

3.1K 380 0
                                    

#unicode

အပိုင်း(၃၃) အဲ့..ဒါမင်းလား?

မယုံနိုင်စရာပဲ!

ပါမောက္ခလီက ရှုပ်ပွနေသော လိုင်းများကို ငေးစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒီပြန်ပြင်ထားတဲ့ နည်းလမ်းက စနစ်မကျပင်မယ့် သေချာ ဂရုတစိုက်ကြည့်မယ်ဆိုရင် တစ်လိုင်းချင်းစီကို အနုစိတ် လုပ်ထားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ တကယ်တော့ ဒီပြန်ပြင်ထားတဲ့ ပုံစံက အများလက်ခံထားတဲ့ထဲက ဖောက်ထွက်ထားတဲ့ပုံစံပဲ။ ဒါ… ဒါ လုံးဝ မယုံနိုင်စရာပဲ"

ပါမောက္ခလီက သူ့နဖူးမှ ချွေးကိုသုတ်ကာ အင်ဂျင်စက်မှ တစ်လိုင်းချင်းစီကို ကြည့်နေသည်။

သူ တဖြည်းဖြည်း ပို၍ပို၍ ထိတ်လန့်လာသည်။ သူ့အမြင်တွင် ဒီပြန်ပြင်ထားသည့် နည်းလမ်းသည် ခေတ်သစ် သိပ္ပံပညာနှင့် နည်းပညာကိုပါ ကျော်လွန်နေသည်။

ပါမောက္ခလီ၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ရင်း လင်းလန် သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
"ပါမောက္ခလီ… ဒီ ပြန်ပြင်ထားတဲ့ အင်ဂျင်ကို ဘယ်လိုသဘောရလဲ?"

"ပါရမီရှင်ပဲ"

အချိန်ခဏမျှ လေ့လာပြီးနောက် ပါမောက္ခလီက ချွေးများဖြင့် ရွှဲနစ်နေသော သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်လိုက်သည်။

ထို့နောက် ပင့်သက်ရှိုက်၍ ပါမောက္ခလီက ပြောလိုက်သည်။

"ဥက္ကဋ္ဌလင်း.. ဒီအင်ဂျင်ကို ပြန်ပြင်လိုက်တဲ့ ဆရာကြီးက ဘယ်သူလဲဆိုတကာ ကျုပ်ကို မြန်မြန်ပြောပြပါ၊ ကျုပ် သူ့ကို ဆရာတင်မှ ဖြစ်မယ်။ ဒီဆရာကြီးရဲ့ အသိပညာက ဒီနယ်ပယ်မှာ လုံးဝကို ပထမပဲ"

*ဘာရယ်?*

*သူ့ကို ဆရာတင်မယ်?*

ပါမောက္ခလီ၏ စကားကို ကြားပြီး လင်းလန် အံ့အားသင့်သွားသည်။

ပါမောက္ခလီသည် ကားထုတ်လုပ်ခြင်းနှင့် အသစ်ပြန်လည် တပ်ဆင်သည့်နယ်ပယ်၌ ဆရာတစ်ဆူ ဖြစ်သည်ကို သူမ အသေအချာသိသည်။

တစ်ကမ္ဘာလုံးမှ ပညာရှင်များက သူ့ဆီက အပတ်တကုပ် သင်ယူချင်နေတာတောင်မှ သူက ယဲ့ဖန်ကို ဆရာတင်ချင်သည်တဲ့လား?

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now