Chapter 36

2.9K 364 1
                                    

#unicode

အပိုင်း (၃၆) ယဲ့ဖန်ရဲ့ ပိုင်ဆိုင်မှုများ

*၅.၂၁ မီလီယံ RMB?*

ရှုဖေး မှင်တက်သွားရသည်။

ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ပါ နားကြားလွဲတယ်ထင်ပြီး ထိတ်လန့်နေကြသည်။

"မဖြစ်နိုင်ဘူး! ဒီ… ဒီလောက် မ…မများနိုင်ပါဘူး"

ရှုဖေးက စားပွဲထိုးမလေးကို ဒေါသတကြီး အော်လိုက်သည်။

"မင်း တကယ်ပြောနေတာလား? ငါတို့ အရက် ၁၀ ပုလင်းလေးပဲ မှာတာလေ။ အလွန်ဆုံး RMB သောင်းဂဏန်းလောက်ပေါ့။ မင်း မှားနေတာနေမယ်"

ရှုဖေး၏ စကားကိုကြားသောအခါ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ပါ ခပ်သွက်သွက် ဝင်ပြောကြသည်။

"သေချာစစ်ကြည့်ပါဦး။ မင်း မှားတွက်တာနေမှာပါ"
"ဟုတ်တယ်။ တစ်ခုခုတော့ မှားနေတာ ဖြစ်မယ်။ ၅ မီလီယံ RMB ထက်တောင် ပိုများနေသေးတယ်။ ဘုရားရေ… ငါ့မိသားစုမှာတောင် အဲ့လောက်မရှိဘူး"

….

ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ စိုးရိမ်စိတ်ဖြင့် စားပွဲထိုးမလေးကို ဝိုင်းအပြစ်တင်နေကြသည်။

အန်းရှီသည်လည်း တအားထိတ်လန့်သွားသည်။ သူမသည်လည်း ဗော်ကာပုလင်း အနည်းငယ်လောက်က ဒီလောက် ကုန်ကျလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဒီမွေးနေ့ပွဲကို ရှုဖေးက ကျင်းပပေးတာ ဖြစ်သည်။ အစတုန်းက လာချင်စိတ်မရှိပင်မယ့် သူမ အချစ်ဆုံးသူငယ်ချင်း ရှောင်မိန်က အတင်းပြောလို့သာ လာခြင်း ဖြစ်သည်။

အစားအသောက်က ၅ မီလီယံ RMB ကုန်ကျလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဒါကသူမအတွက် ဈေးကြီးလွန်းလှသည်။

ယဲ့ဖန် တစ်ယောက်တည်းသာ တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။

အရက်ပုလင်းခွံ ၁၀ခုကို ကြည့်ပြီး ဈေးကြီးရသည့်အကြောင်းရင်းကို ယဲ့ဖန် နားလည်သွားသည်။

"လူကြီးမင်းရှင့်… ကျွန်မ မမှားပါဘူး။ လူကြီးမင်းက ကျွန်မတို့ ဟိုတယ်က ဈေးအကြီးဆုံး ဗော်ကာ ဖြစ်တဲ့ သရဖူဗော်ကာကို မှာခဲ့တာပါ။ ဒီဗော်ကာက ရုရှားနိုင်ငံ မြောက်ဘက်အစွန်းပိုင်းက မိုရိုမြို့က လာတာပါ။ တစ်ပုလင်းကို ၅၂၁,၀၀၀ RMB ကျပါတယ်ရှင်။ ၁၀ ပုလင်းဆိုတော့ ၅.၂၁ မီလီယံ ပါရှင်"

ငရဲမှလာသောသူ [Chapter 1 to 200]Tempat cerita menjadi hidup. Temukan sekarang