Chapter 61

2.7K 312 2
                                    

#unicode

စာစဥ် (5) Chapter (61) ငါတို့နှစ်ယောက်ကြားက ရန်ကြွေးတွေ ပြီးဆုံးဖို့ အချိန်တန်ပြီ

*ကုန်းယွင်ဖေး!*

ကုန်းယွင်ဖေးကို မြင်လိုက်ရသည်နှင့် ယဲ့ဟူတစ်ယောက် ခေါင်းမွှေးထောင်လာသလို ခံစားလိုက်ရသည်။

ကုန်းယွင်ဖေးသည် အညှာအတာ ကင်းမဲ့ပြီး ရက်စက်တတ်ကြောင်း သူ သိထားသည်။

သူ့ကို ဆန့်ကျင်သည့်သူတိုင်း တစ်စစီ ဖြစ်သွားကြတာချည်းပင်။

*ငါ လင်းလန်ကို ပြန်ပေးဆွဲခဲ့တာကို သူ သိသွားပြီထင်တယ်*

ယဲ့ဟူ သွေးခဲမတတ် ခံစားလိုက်ရကာ အော်ပြောလိုက်သည်။

"ကုန်း...ကုန်းယွင်ဖေး... မင်း ဒီကို ဘာလာလုပ်တာလဲ?
သူ၏ အသွင်အပြင်သည် ဖြူဖျော့၍ ရန်လိုဟန် ပေါက်နေသော်လည်း သူ့စိတ်ထဲတွင် ကြောက်ရွံ့နေသည်။

သူ့စကားကြောင့် ကုန်းယွင်ဖေးက လှောင်ရယ်လိုက်မိပြီး "ဘာလဲ...ယဲ့ကလန်(အရင်က မိသားစုလို့ သုံးထားပါတယ်၊ အခု ကလန်လို့ပဲ သုံးပါတော့မယ်) ရဲ့ ဒုတိယသခင်လေးက ငါ့ကို ကြောက်နေတာလား?"

သူက အခန်းထဲရှိ ဆိုဖာပေါ်သို့ ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး သူ့လက်ထဲတွင် သူ၏ လက်သည်းတွေကို သန့်ရှင်းရာတွင် သုံးလေ့ရှိသည့် ရွှေရောင်ဓားမြှောင်တစ်ချောင်း ပေါ်လာသည်။

"လင်းလန်က ငါ့ရဲ့သတို့သမီးလောင်းပဲ။ ဒါကို ယဲ့ကလန်ရဲ့ ဒုတိယသခင်လေးက လင်းလန်ကို ၂ခါတောင် ပြန်ပေးဆွဲခဲ့တဲ့အတွက် သေသင့်နေပင်မယ့် လောလောဆယ် ကျုပ်တို့မှာ ဘုံရန်သူ ရှိနေသေးတယ်"

*ဟမ်?*

*ဘုံရန်သူ?*

ယဲ့ဟူ ခေတ္တမျှ ကြောင်သွားပြီးမှ ကုန်းယွင်ဖေးကို စိုက်ကြည့်ကာ "ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ...ကုန်းယွင်ဖေး"

ကုန်းယွင်​ဖေးက ယဲ့ဟူအား ကြည့်ကာ နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး "ခင်ဗျား မျက်လုံးထဲမှာ ခင်ဗျားရဲ့ အစ်ကိုကြီး ယဲ့လုံတစ်ယောက်တည်းကိုပဲ ကလန်ရဲ့ဆက်ခံသူအဖြစ် ခံယူထားမှန်း ကျူပ်သိတယ်...အဲ့ဒါကြောင့် ယဲ့ဖန်ကို ခင်ဗျား သတ်ချင်နေတာမလား...ကျုပ်က အဲ့သုံးစားမရတဲ့ကောင်ကို သတ်စေချင်လာအောင်လို့ ခင်ဗျား လင်းလန်ကို ပြန်ပေးဆွဲခဲ့တာမလား"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now