Chapter 23

3.3K 428 6
                                    

အပိုင်း (၂၃) လေးစားပါတယ် ဘော့စ်

ဘားတစ်ခုလုံး ရေခဲတိုက်အလား တိတ်ဆိတ်နေသည်။ မည်သူမျှ ပြောင်းလဲသွားသည့် အခြေအနေကို ထင်မထားခဲ့မိပေ။

ဝံပုလွေရိုင်းရဲ့ဆရာက ယဲ့ဖန်ကို အရိုအသေပေးနေတယ်။ သူ့ရဲ့ ကြည်ညိုလေးစားနေတဲ့ဟန်က စီနီယာတစ်ယောက်နှင့် ဆုံနေသည့်အလားပင်။ မယုံနိုင်စရာကောင်းလှသည်။

လူတိုင်း တွေဝေမိန်းမောနေကြသည်။ ခုနလေးတင် သူတို့က ယဲ့ဖန်တော့ ဝံပုလွေရိုင်းရဲ့ဆရာ ဆော်ပလော်တီးတာ ခံရပြီလို့ ထင်နေတာ ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့။

ချွီထောင်နှင့် မိန်းကလေးသုံးယောက်တို့ မျက်လုံးအပြူးသားနှင့် ကြည့်နေမိကြသည်။

"မ….မဖြစ်နိုင်ဘူး…. ဒီကောင်က သုံးစားမရတဲ့ တရားမဝင်သား မဟုတ်ဘူးလား…သူ ဘယ်တုန်းက မစ္စတာယဲ့ ဖြစ်..ဖြစ်သွားရတာလဲ?"

ချွီထောင် ခေါင်းတွေ မူးဝေလာသည်။ အစောပိုင်းလေးတင် သူ ယဲ့ဖန် ခံရတော့မှာကို စောင့်နေတာလေ…အခုတော့…

ယွမ်လီ၊ ရှုချင်နှင့် ကျန်းဝေ့ဝေ့တို့သည်လည်း  ကြက်သေ သေနေကြသည်။ သူတို့သည် မယုံနိုင်သည့်အကြည့်များဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကြ၏။

"မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး.."

ကျန်းဝေ့ဝေ့ သတိလစ်မတတ်ပင်။ အစောပိုင်းလေတင် သူမက ယဲ့ဖန်က တော်ပင်မယ့်လည်း ကံဆိုးပြီဟု တွေးနေခဲ့မိသည်။ သို့သော် သူက ဒီလောက် ဂုဏ်သတင်း ကြီးမားလိမ့်မည်ဟု သူမ မထင်ထားမိခဲ့။

"ဘယ်…ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့သူကို ငါလက်လွှတ်လိုက်ရတာပါ့လိမ့်နော်"

ကျန်းဝေ့ဝေ့ ကိုယ့်ပါးကိုယ်သာ ခပ်ပြင်းပြင်း ရိုက်လိုက်ချင်မိတော့သည်။ သူမ ထက်မြက်သော ချစ်သူကောင်လေးမျိုးကို လိုက်ရှာနေခဲ့သော်လည်း တကယ်တမ်း ထက်မြက်တဲ့ကောင်လေးမျိုးက သူမရှေ့ ရပ်နေခဲ့သော်လည်း သူမက မျက်ကန်းလိုမျိုး မမြင်ဘဲ လက်လွှတ်လိုက်ရပြီ။ ထို့ကြောင့် သူမ တော်တော်လေး နောင်တရနေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Kde žijí příběhy. Začni objevovat