Chapter 143

2.1K 179 1
                                    

စာစဉ် (10) Chapter (143) အားပြင်းသော ထိုးနှက်ချက်!

*ကိုယ့်နှလုံးကိုယ် ပြန်စားကြည့်ပါလား?*

နှလုံးစား အဘိုးကြီးက ယဲ့ဖန်၏ စကားကို ကြားပြီး သူ့မျက်နှာက အလေးအနက် ဖြစ်လာသည်။

"ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ ခွေးမသားလေးလဲ"

"ငါ့လက်ကို ခိုးကြောင်ခိုးဝှက်နဲ့ ဖြတ်လိုက်နိုင်လို့ မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား?"

နှလုံးစားအဘိုးကြီးက လှောင်ပြုံးပြုံး၍ သူ့အိတ်ထဲမှ သတ္တုလုံးတစ်ခုကို ထုတ်လိုက်ကာ အားနှင့်ချိုးလိုက်သည်။

ခွပ်ခနဲ အသံနှင့်အတူ သတ္တုလုံးသည် အရည်အသွေး မြင့်မားသော စတီးလက်သည်း တစ်ခု ဖြစ်သွား၏။

"လက်တုပါလား"

ယဲ့ဖန် ကြောင်သွားပြီးမှ မြေကြီးပေါ်မှ လက်ကို ကြည့်လိုက်သည်။ ထိုအခါမှ လက်တစ်ခုလုံးတွင် လက်ကောက်ဝတ်နေရာကသာ အစစ်ဖြစ်သည်ကို တွေ့လိုက်ရသည်။

တကယ်တမ်းက လက်တစ်ခုလုံးသည် အရည်အသွေး မြင့်မားသော စတီးလက် ဖြစ်နေသည်။

"သတိထားပါ၊ သခင်ကြီး။ သူက နာမည်ကြီး ကြယ်သုံးလုံး အဆင့် စွမ်းအားပိုင်ရှင် နှလုံးစားအဘိုးကြီးပါ၊ သူက လူငယ်ပုံ ပေါက်နေပင်မယ့် သူက အသက် ၆၀ ကျော် မကောင်းဆိုးဝါး အဘိုးကြီးပါ"

ထိုစဉ် ကူးယွီက မျက်ခုံးတလှုပ်လှုပ်နှင့် ယဲ့ဖန်ကို စိုးရိမ်တကြီး သတိပေးလိုက်သည်။

"သူ့လက်တွေ အကုန်လုံးက စူပါအလွိုင်းစတီးနဲ့ လုပ်ထားတဲ့ ဝံပုလွေလက်သည်းတွေပါ။ အဲ့ဒါက လူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားနိုင်တယ်"

သူ့လက်တွေက စူပါအလွိုင်းစတီးနဲ့ လုပ်ထားတဲ့ ဝံပုလွေလက်သည်းတွေတဲ့။

ကူးယွီက နှလုံးစားအဘိုးကြီး အကြောင်း ကောင်းကောင်းကြီးသိသည်။ သူတို့၏ ပြိုင်ဘက်များသည် ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် နှစ်ဒါဇင်နှင့်ချီ၍ ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်။ လူအနည်းငယ်လောက်သာ သူ့ကို အနိုင်ယူနိုင်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now