Chapter 175

2K 185 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (175) ကျွန်မ…. ကျွန်မ ရှင့်ကို ချစ်တယ်

ကောင်းကင်ဘုံ နံပါတ်တစ်ကို သတ်လိုက်ပြီးသည်နှင့် ယဲ့ဖန် သွေးအန်လာပြီး သူ့မျက်နှာမှာလည်း အလွန် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။

ယခင်က သူ၏ ခွန်အားနှင့် လူသန်ကြီးနှင့် ညီတူညီမျှပင် ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံသို့ တက်ရာလမ်းကို သုံးလိုက်သဖြင့် သူ၏ သဘာဝစွမ်းအင်များကို အလွန်အကျွံ ကုန်ဆုံးသွားသည်။

"သခင်ကြီး"

အရှင်သခင် သုံးယောက်နှင့် ရို့ယွီတို့ မှင်တက်သွားပြီး အသည်းအသန် ရှေ့သို့ ပြေးတက်လာသည်။

ယဲ့ဖန်၏ ပြာနှမ်းနေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူတို့ အလွန်စိုးရိမ်သွားသည်။ ယဲ့ဖန် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားမှန်း သူတို့ သိလိုက်သည်။

နှုတ်ခမ်းမှ သွေးကို သုတ်လိုက်ပြီး ယဲ့ဖန်က အားလုံး အဆင်ပြေကြောင်း ပြောဆိုလိုက်သည်။ ထို့နောက် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို တောင်းကာ ပစ္စည်းအချို့၏ နာမည်ကို ချရေးပြီး ရှုကွမ်းထံ ပေး၍ ပြောလိုက်သည်။

"ဘာပဲ ဖြစ်နေပါစေ ဒီစာရွက်ထဲမှာ ပါတဲ့ အရာအားလုံးကို တစ်နေ့အတွင်း ရအောင်ရှာလာခဲ့"

စာရွက်ထဲမှ စာရင်းကို ကြည့်ရင်း ရှုကွမ်းသည် ထူးခြားသော ပစ္စည်းများကို သတိထားလိုက်မိသည်။

"ဟုတ်ကဲ့ပါ မာစတာ"

ရှုကွမ်း ချက်ချင်း ကတိပေးလိုက်သည်။ ယဲ့ဖန်၏ မျက်နှာက အလေးအနက် ဖြစ်လာကာ အမိန့်တစ်ခု ထပ်ပေးလိုက်သည်။

"ပြီးတော့ ညအဖွဲ့သားတွေကို ပုန်းကွယ်နေဖို့ ပြောလိုက်"

ယဲ့ဖန်၏ အမိန့်ကြောင့် အရှင်သခင်သုံးယောက် အံ့ဩသွားပြီးမှ ပြန်မေးလိုက်သည်။

"သခင်ကြီး… ခင်ဗျား ရှန့်ကျန်းမြို့က ဆရာသခင်အဆင့် လီကျိုးယောင်ကြောင့် စိုးရိမ်နေတာလား"

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။ ယခုအခြေအနေနှင့် ဆရာသခင် အဆင့်မှ သူကို မနိုင်နိုင်ကြောင်း သူ သိနေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now