Chapter 62

2.6K 337 8
                                    

#unicode

စာစဥ် (5) Chapter (62) ကျုပ် လူတွေကို အဲ့လို မရိုက်တတ်ဘူး!

"မြန်မြန်... ကူညီကြပါဦး"

"ယဲ့ဖန် ကျွန်တော့်ကို ရိုက်နေလို့ပါ"

ယဲ့လင်၏ အော်သံကို ကြားလိုက်ရသောအခါ ယဲ့မော့၏ မျက်နှာသည် အကြောက်ကြောက်အလန့်လန့် ဖြစ်လာကာ
"မဟုတ်ဘူး…ယဲ့ဖန်…ယဲ့လင်တော့ မင်းကို ထောင်ချောက်ဆင်နေပြီ!"

ယဲ့ဖန်အား ဤကဲ့သို့ သေစေနိုင်လောက်သော ချောက်ချမှုမျိုးက စောင့်မျှော်နေလိမ့်မည်ဟု ယဲ့မော့ မမျှော်လင့်ထားခဲ့ပါ။

ထို့နောက် သူက အမောတကောနှင့် "ယဲ့ဖန်…ဒီကနေ အခုချက်ချင်း မြန်မြန် ထွက်သွားတော့..မင်း လုံးဝ အထဲမဝင်နဲ့…သူတို့က မင်းကို အသေသတ်ချင်နေကြတာ"

*ဟင်?*

ယဲ့ဖန် နေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားသည်။
ထို့နောက် သူက အားပါးတရ ပြုံးလိုက်သည်။ ထိုအပြုံးက နတ်ဆိုးတစ်ကောင်က ပြုံးလိုက်သည်နှင့် ဆင်တူသည်ဟု ခံစားလိုက်ရသဖြင့် ယဲ့မော့ ကျောချမ်းလာသည်။

"ယဲ့မော့… မင်း စိုးရိမ်စရာ မလိုပါဘူး။ ငါ အထဲက လူတစ်ယောက်ကို သတိရနေတာ၊ ပြီးတော့ အထဲမှာ ငါ သတ်ချင်နေတဲ့လူတစ်ယောက်လည်း ရှိသေးသည်။

ထို့နောက် ယဲ့ဖန်က ယဲ့မော့၏ ပခုံးကို ပုတ်ကာ အိမ်၏ ဖိနပ်ချွတ်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။

ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး ယဲ့မော့ မှင်တက်နေကာ "သူ…သူ အရင်ကနဲ့ မတူတော့သလိုပဲ" ဟု ရေရွတ်လိုက်မိသည်။

ဘာတွေ ဆက်ဖြစ်လာမည်လဲဆိုတာကို မသိသောကြောင့် ယဲ့ဖန်တစ်ယောက် ယဲ့ကလန်၏ အိမ်တော်တွင်းသို့ ဝင်သွားသည်ကို ယဲ့မော့ ကြည့်နေမိသည်။ နတ်ဆိုးချီတို့ဖြင့် ပြည့်နေသော သွေးပင်လယ်ကြီးကို ကြည့်နေရသလို သူ ခံစားလိုက်မိသည်။

….

ယဲ့ကလန်၏ ခမ်းနားသော အိမ်တော်အတွင်းတွင် လူများနှင့် ပြည့်နှက်နေပြီး အများစုမှာ ယဲ့ကလန်၏ လူငယမျိုးဆက်များ ဖြစ်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now