Chapter 106

2.4K 217 4
                                    

#unicode
စာစဉ် (၈) Chapter (106) မင်း ဒီတစ်ခါတော့ သေကို သေရမယ်

ယဲ့ဖန်နှင့် သူ့လူများ ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်မှ ထွက်သွားပြီးနောက် ကျန်းထောင်တစ်ယောက် အားအင် ကုန်ခမ်းကာ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ကြမ်းပြင်ပေါ်က ပြာပုံကို မယုံသင်္ကာဟန်ဖြင့် ကြည့်နေရင်း သူ မျက်ခုံးလှုပ်လာသလို ခံစားမိသည်။

"မကောင်းဆိုးဝါးပါလား"

ကျုံးဝေ့ သူ့မျက်ရှိရှေ့တွင် သေဆုံးသွားပြီး ပြာဖြစ်သွားသည်ကို ကျန်းထောင် အခုထိ မယုံနိုင်သေးပါ။ ယဲ့ဖန် ဒီလိုဖြစ်အောင် မည်သို့ လုပ်လိုက်သည်မှန်းလည်း သူ စဉ်းစား၍ မရပါ။

သူသည် မကောင်းဆိုးဝါးသာ ဖြစ်ပေမည်။

"ငါ ဒီလူကို အနာဂတ်မှာ ဘယ်လိုနည်းနဲ့မှ ရန်မစ သင့်ဘူးပဲ"

ကျန်းထောင်က ချက်ချင်းပင် ယဲ့ဖန်၏ နာမည်ကို သူ ရန်စရန် မသင့်သည့်သူများ စာရင်းထဲသို့ ထည့်ထားလိုက်သည်။

….

ထိုအချိန်အတွင်းမှာပင်

ကျယ်လောင်သော ကားစက်သံများနှင့်အတူ ကားဆယ်စီးကျော်တို့သည် ကျန်းရှီမြို့ ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်၏ လမ်းပေါ်တွင် ရပ်လိုက်သည်။ ထိုကားများသည် Rolls- Royces နှင့် တိုးချဲ့ထားသော Bentleys တံဆိပ် ကားများ ဖြစ်ကြသည်။

ဤကားများအား ဖြတ်သွားသည့်သူတိုင်းက စိတ်ဝင်တစား ကြည့်မိကြသည်။ မြင်သည့်သူတိုင်းက အလွန် မက်မော၊ အားကျသည့် အကြည့်ဖြင့် ကြည့်သွားကြသည်။

ထိုအချန်တွင် ကားတံခါးများ ပွင့်လာပြီး  ယဲ့ဖန်နှင့် အခြား အထင်ကရ ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ကားတစ်စီးချင်းစီးမှ ဆင်းလာကြသည်။

ယဲ့ဖန်သည် ချက်ချင်းပင် ပုံမှန် မဟုတ်သော အနေအထားကို သတိထားမိပြီး သုံးလွှာမြောက်မှ ငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။

"ဒါ အန်းရှီအမေရဲ့ အသံပဲ"

ယဲ့ဖန် မျက်မှောင်ကြုတ်၍ သုံးလွှာသို့ သုတ်သုတ်ပျာပျာဖြင့် ပြေးတက်သွားသည်။ သူ့နောက်မှ အထင်ကရ ပုဂ္ဂိုလ်များ လိုက်လာကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now