Chapter 123

2.2K 194 1
                                    

စာစဉ် (9) Chapter (123) ဆွဲဆောင်မှု ရှိလိုက်တဲ့ ယောကျ်ားပါလား!

ဧကရာဇ် သရဖူ ရှောပင်းမောလ်၌…

ကျန်းရှီမြို့၏ ထိပ်တန်း ရှောပင်းမောလ် သုံးခုထဲမှ တစ်ခု ဖြစ်သည့် အားလျော်စွာ ဧကရာဇ် သရဖူ ရှောပင်းမောလ်၌ နာမည်ကြီး နိုင်ငံတကာ ကုန်ပစ္စည်းများနှင့် ပြည့်နှက်လို့ နေသည်။

မွန်ရိုးသည် ဥရောပနှင့် အမေရိကား၌ နာမည်ကြီးသော ဖက်ရှင်တံဆိပ် ဖြစ်ပြီး အဆိုပါ မွန်ရိုး တံဆိပ်၏ ဈေးအနည်းဆုံး အဝတ်အစားကပင် ယွမ် ၁၀,၀၀၀ မက ပေးရသည်။

လင်းလန်က ယဲ့ဖန်၏ လက်မောင်းကို ဖက်၍ မွန်ရိုးဆိုင်ထဲ ဝင်လာသဖြင့် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရလေသည်။

လင်းလန်သည် လှပ၍ တော်ဝင်ဆန်သည်။ သူမ မိတ်ကပ် မလိမ်းထားလျင် တောင်မှပဲ များစွာသော အမျိုးသမီး သရုပ်ဆောင်များကို မှေးမှိန်သွားစေ၏။

သူမနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော ယဲ့ဖန်က အလွန် နွမ်းပါးပုံ ပေါက်သည်။

သူက ချောမောသော်လည်း သူ၏ အဝတ်အစားများက သာမန်ပင် ဖြစ်နေသည်။ သူ၏ အသွင်သဏ္ဌာန်က မွန်ရိုး၏ အထက်တန်းဆန်သော အဝတ်အစားများနှင့် မအပ်စပ်သလိုပင်။

"ကြိုဆိုပါတယ်၊ လူကြီးမင်းနဲ့ မမလေးရှင့်၊ ကျွန်မ ဘာများ ကူညီပေးရမလဲ?"

လှပသော အရောင်းဝန်ထမ်းမလေးက ယဲ့ဖန်နှင့် လင်းလန်အနားသို့ နွေးထွေး ပျူငှာစွာ ပြုံး၍ မေးလာသည်။

လင်းလန်က ခပ်ဖွဖွ ပြုံး၍ ပြောလိုက်သည်။

"ကျွန်မ ချစ်သူအတွက် အဝတ်အစားလေး ကူရွေးပေးပါလား"

*ချစ်သူ?*

လှပသော အရောင်း ဝန်ထမ်းမလေးက ယဲ့ဖန်အား တစ်ချက်ကြည့်ကာ သာမန်လူ တစ်ယောက်က သည်လောက် လှပ၍ တော်ဝင်ဆန်သော အမျိုးသမီး၏ အချစ်ကို မည်သို့ မည်ပုံ ရလိုက်တာပါလိမ့်ဟု သိချင် မိသွားသည်။

"ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပေးပါ"

လှပသော အရောင်းဝန်ထမ်းမလေးက ယဲ့ဖန်ကို ကြည့်နေရာမှ မျက်လုံးလွှဲ၍ သူတို့နှစ်ယောက်ကို ယောကျ်ားလေးဝတ် အဝတ်အစားများ ရှိရာ ဘက်သို့ ခေါ်သွားသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now