Chapter 16

3.4K 444 1
                                    

#unicode

စာစဉ်(၁) အပိုင်း (၁၆) ဒါက လှည့်စားမှုတစ်ခု သက်သက်ပဲ

ရော့ခ်တေးဂီတက ဘားအနှံ့ ပဲ့တင်ထပ်လျက်ရှိသည်။

ထောင့်တစ်နေရာမှာထိုင်ရင်း ယဲ့ဖန်နှင့် ဖေးချမ်တို့ ဘီယာသောက်နေကြသည်။

"ဖက်တီး မင်း သေချာရဲ့လား"

ဘီယာတစ်ခွက်သောက်ပြီးနောက် ယဲ့ဖန် ဖက်တီးဆီမှ စီးကရက်တောင်းယူ၍ မီးညှိလိုက်သည်။ ထို့နောက် မီးခိုးငွေ့ကို ရှိုက်ထုတ်လိုက်သည်။

ယဲ့ဖန် ဘာပြောချင်တာလဲဆိုတာကို ဖေးချမ် သေချာပေါက် နားလည်သည်။ သူက ခါးသီးစွာ ပြုံးလိုက်ရင်း

"ဖန်… အမှန်အတိုင်းပြောရရင် ငါ ယွမ်လီကို အတော်လေး သဘောကျတယ်၊ ဒါပေမယ့် ငါက သမာသမတ်ကျတဲ့လူကွ"

ဖေးချမ်၏ ဖောင်းကားနေသောမျက်နှာက ပြတ်သားသည့်အသွင်ကို ဖော်ပြနေသည်။

"မင်းက ငါ့ရဲ့အစ်ကိုပဲ… တကယ်လို့ ယွမ်လီက မင်းကို အထင်သေးရင် ငါ့ကိုပါ အနှေးနဲ့အမြန် အထင်သေးလာမှာပဲ… ရေရှည်ကို မကြည့်တတ်တဲ့မိန်းမကို စွန့်ပစ်လိုက်တာကပဲ ပိုကောင်းတယ်"

သူ့စကားကို ကြားပြီး ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ အချစ်သည် အရေးပါသောအရာတစ်ခု ဖြစ်သည်။ သူ့ရဲ့ချစ်သူက ရေရှည်ကို မကြည့်တတ်လျင် ဖေးချမ်၏ဆုံးဖြတ်ချက်တွေကို သူမက လွှမ်းမိုးလာလိမ့်မည်၊ ယွမ်လီနှင့် သံယောဇဉ်ဖြတ်လိုက်တာက ဖေးချမ်အတွက် ပို၍ပင် ကောင်းသေးသည်။

"ဖန် အဲ့ဒါတွေ ခေါက်ထားလိုက်စမ်းပါ…လာ ငါ မင်းကို အစ်မကြီးရဲ့အရက် (အရက်နာမည်ကိုက အဲ့လိုဖြစ်နေတာပါ) ဝယ်တိုက်မယ်"

ဖက်တီးက ချက်ချင်း မတ်တပ်ထရပ်ကာ ယဲ့ဖန်ကို ကောင်တာဆီသို့ ဆွဲခေါ်သွားသည်။

**အစ်မကြီးရဲ့အရက်**

ယဲ့ဖန် ကြောင်သွားသည်၊ ဇဝေဇဝါဖြစ်နေသောမျက်နှာနှင့် ယဲ့ဖန် ကောင်တာဆီသို့ ဖေးချမ်နှင့်အတူ ပါသွားသည်။

ကောင်တာသည် ရှည်လျားသည်။ ကောင်တာ၏ အနောက် ထောင့်တစ်နေရာတွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမကို ကြည့်ရတာ သာမန်လူဟုတ်ပုံမရပေ။

ငရဲမှလာသောသူ [Chapter 1 to 200]Donde viven las historias. Descúbrelo ahora