Chapter 42

3K 375 5
                                    

#unicode

စာစဥ် (၃) အပိုင်း (၄၂) နတ်ဆိုး!

*သေကုန်ပြီ!*

*သူတို့အားလုံး သေကုန်ပြီ*

မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်းကျလာသော ပြာတွေကို ကြည့်ရင်း ကုန်းဝူ၏မျက်နှာက တဖြည်းဖြည်း ဖြူစုတ်လာသည်။

ယဲ့ဖန် ဒီလောက် စွမ်းအားကြီးမည်ဟု သူ မထင်ထားခဲ့ချေ။ အနက်ရောင်မြူခိုး ထုတ်လိုက်ရုံနှင့် ယဲ့ဖန်က ကုန်းဝူ၏ လူအားလုံးကို သတ်နိုင်ပြီး ပြာအဖြစ်သို့ ပြောင်းနိုင်သည်။ သူက အမှန်ကို နတ်ဆိုးတစ်ကောင်ပင်။

*ပြေး!*

သူ ချက်ချင်း ကုန်းထကာ စက်ရုံ၏ အနောက်ဘက်တံခါးဆီသို့ ပြေးသွားလိုက်သည်။ ရုတ်တရက် လူနှစ်ယောက်က သူ့ရှေ့ ပိတ်ရပ်လာသည်။

ထိုသူနှစ်ယောက်ကတော့ ဝံပုလွေရိုင်းနှင့် ဖေးချမ်တို့ပင်။
အကယ်ခံလိုက်ရပြီးတာတောင် ဖေးချမ်က သွေးသံတရဲရဲနှင့် ဖြစ်နေဆဲပင်။ သူက ကုန်းဝူအား မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ခက်ထန်စွာ ကြည့်ပြီး "ပြေးမလို့လား? မင်း ပြေးလို့လွတ်မယ်လို့ ထင်နေတာလား?"

ဖေးချမ်က ကုန်းဝူကို ဒေါသတကြီး ဆောင့်ကန်လိုက်သည်။ အကန်ခံလိုက်ရတာကိုလည်း ကုန်းဝူက ဂရုစိုက်ပုံမရပေ။ အကန်ခံလိုက်ရသည်နှင့် ကုန်းဝူက ချက်ချင်း ကုန်းထကာ ယဲ့ဖန်ရှေ့ ပြေး၍ ဒူးထောက်လိုက်သည်။

ထို့နောက် သူသည် နဖူးနှင့် မြေကြီး ကပ်နေအောင် ထိထားပြီး ယဲ့ဖန်အား ကျယ်လောင်စွာ တောင်းပန်လိုက်သည်။

"ယဲ့ဖန်..ငါ.. ငါ မှားသွားပါတယ်။ ငါ သေသင့်ပါတယ်။ ငါ မင်းကို မစော်ကားခဲ့သင့်ဘူး။ ငါ့ကို ကြိုက်သလို အပြစ်ပေးပါ။ ငါ့မှာ ပိုက်ဆံရှိတယ်။ ကုန်းမိသားစုမှာ ပိုက်ဆံ အများကြီး ရှိပါတယ်။ ငါ မင်းကို မင်းလိုချင်သလောက် ပေးပါ့မယ်"

ကုန်းဝူ တစ်ကိုယ်လုံး တုန်ယင်နေကာ ချွေးများဖြင့် ရွှဲနစ်နေသည်။ ကုန်းဝူ အတော်လေး ကြောက်နေသည်။

လက်ခြောက်ချောင်းမြွေနှင့် သူ့လူတွေလိုမျိုး ပြာဖြစ်သွားမှာကို သူ ကြောက်ရွံ့နေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now