Chapter 161

2K 183 2
                                    

ငရဲမှလာသောသူ
မူရင်းအမည်: The Man from Hell
Author: Autumn Wind 123
ဘာသာပြန်: Han Shin

စာစဉ် (11) Chapter (161) လော့ကလန်၏ နောက်ဆုံးနေ့!

*လေးယောက်မြောက်သခင်လေး ပြန်လာပါပြီ*

ထိုစကားကို ကြားတော့မှသာ လော့ဟန်ရွှမ်း အသာအယာ ပြုံးနိုင်တော့သည်။

"နောက်ဆုံးတော့ ရှောင်စစ် အိမ်ပြန်ရောက်လာပြီ၊ ကြည့်ရတာ သူ ဟိုကောင်စုတ်လေးရဲ့ ခေါင်းကို ယူလာနိုင်ခဲ့ပြီနဲ့တူတယ်"

သူမမျက်လုံးတွင် ပြင်းထန်သော ချီဓာတ်အချို့ ဖြတ်ပြေးသွားပြီး လော့ဟန်ရွှမ်းသည် ဓာတ်ပုံတစ်ပုံကို ကောက်ကိုင်လိုက်သည်။ ထိုပုံသည် ကုန်းယွင်ဖေး၏ ဓာတ်ပုံဖြစ်သည်။

ဓာတ်ပုံထဲမှ ကုန်းယွင်ဖေး၏ မျက်နှာကို ပွတ်သပ်ရင်း လော့ဟန်ရွှမ်းက ကျေနပ်သော အပြုံးမျိုး ပြုံးလိုက်သည်။

"ယွင်ဖေး…လူသတ်သမားကို သတ်လိုက်နိုင်ပြီ။ သူနဲ့ သိကျွမ်းတဲ့သူတွေ အားလုံးကိုလည်း သတ်လိုက်နိုင်ပြီ"

"မင်း အေးအေးချမ်းချမ်းနဲ့ အနားယူလို့ရပါပြီကွယ်"

လော့ဟန်ရွှမ်းသည် ယဲ့ဖန်အား အလွန်တရာမှ နာကျည်းလှသည်။ လော့စစ် ပြန်ရောက်လာသည်ကို ကြားသည်နှင့် ယဲ့ဖန်တော့ သေသွားပြီဟု သူမ မုချ ယုံကြည်လိုက်သည်။

ထို့ကြောင့် သူမ အလွန်တက်ကြွလာသည်။ ထို့ပြင် သူမအစေခံ ထပ်ပြောလာသည့် စကားကြောင့် သူမ ဝမ်းသာအားရ ထခုန်လိုက်မိသည်။

"သခင်မကြီး လေးယောက်မြောက် သခင်လေးက ဆရာသခင်တစ်ပိုင်းအဆင့်ကို တက်နိုင်သွားခဲ့ပါပြီ"

*ဘာ*

လော့ဟန်ရွှမ်း မှင်တက်နေပြီးမှ ပို၍ အားရ ကျေနပ်လာသည်။

"ဆရာသခင်တစ်ပိုင်းအဆင့်… ဘုရားရေ… ရှောင်စစ် လုပ်နိုင်သွားခဲ့ပြီပဲ"

ဆရာသခင်အဆင့်အောက်တွင် လော့စစ်သည် နံပါတ်တစ်ဟု ခေါ်ဆိုနိုင်သော်လည်း သူနှင့် တကယ့်ဆရာသခင်အဆင့်ကသူများသည် အလွန်ကွာခြားနေသေးသည်။

လော့စစ်က ဆရာသခင်တစ်ပိုင်းအဆင့်သို့ အဆင့်တက်ခဲ့ပြီးပြီဆိုတော့ လော့ကလန်သည် ကျန်းနန်နှင့် ကျန်းပေမြို့တို့တွင် နံပါတ်တစ် ကလန်တစ်ခု ဖြစ်လာရုံသာမက ဟွာရှနိုင်ငံတစ်ခွင်လုံးတွင် နေရာတစ်နေရာ ရလာပေတော့မည်။

ငရဲမှလာသောသူ [Chapter 1 to 200]Wo Geschichten leben. Entdecke jetzt