Chapter 151

2.1K 184 0
                                    

စာစဥ် (11) Chapter (151) ကျန်းရှီမြို့ကို ဆေးကြောဖို့ အချိန်တန်ပြီ!

လူငယ်လေးက ဘားထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဘားတစ်ခုလုံး ကြောက်လန့်ကာ တုန်လှုပ်လို့လာသည်။

သူသည် လူသားတစ်ယောက်နှင့် ကမ္ဘာဦး သားရဲကောင်ကြီးနှင့် သဏ္ဌာန်တူလှသည်။ သူသည် ခြိမ်းခြောက်နိုင်စွမ်း ရှိလှသည်။

သူ့နောက်မှ အနက်ရောင်ဝတ်စုံနှင့် လူလေးယောက်သည် အလွန်အမင်း အေးစက်လှကာ ရေခဲပန်းဆွဲ လေးခု လမ်းလျှောက်လာသည်နှင့်တောင် တူနေသေးသည်။

သူတို့ ဝင်လာသည်ကို ကြည့်ပြီး ဝံပုလွေရိုင်း၏ လက်ပါးစေတိုင်း ချွေးပြန်လာကြသည်။တစ်စုံတစ်ယောက်က ဇီးရိုးဘားထဲသို့ အတင်းဝင်လာရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

"မင်း ဘယ်သူလဲ"

လူမိုက်တစ်ယောက်က အော်ဟစ်၍ သူ့ကို တားဆီးရန် ပြင်လိုက်သည်။

ထိုစဉ် …

ဝှစ်!

ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် ထိုလူမိုက်သည် ကိုယ်နှစ်ခြမ်း ကွဲသွား လေတော့သည်။

သူ၏ သွေးများက ကြမ်းပြင်အနှံ့ စီးလို့နေ၏။ သူ၏ မျက်လုံးများသည် သေသည်အထိ ဇဝေဇဝါဖြစ်နေသည့် အနေအထားနှင့်ပင် ဖြစ်သည်။

သူ့ရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဓားရှည်တစ်ချောင်းကို ကိုင်၍ ရပ်လို့နေသည်။

တောက်! တောက်!

ထိုဓားရှည်မှ သွေးစက်များက တစက်စက်ကျလို့နေသည်။

"ငါတို့က မင်းတို့အသက်ကို နုတ်ယူမယ့်သူတွေပဲ"

ထိုသို့ပြောပြီး အနက်ရောင်ဝတ်စုံနှင့် လူလေးယောက်က အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာကြသည်။

သူတို့က လူအုပ်ထဲသို့ အလင်းတန်းကဲ့သို့ ပြေးဝင်သွားပြီး သူတို့၏ ဓားရှည်များဖြင့် အညှာအတာမဲ့စွာ သတ်ဖြတ်လာကြသည်။

မြန်တယ်!

လေးယောက်လုံးက သူတို့၏ ဓားရှည်များကို အလွန်လျင်မြန်သည့်နှုန်းဖြင့် အသုံးပြုနိုင်ကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now