Chapter 171

1.8K 167 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (171) ငါ့အတွက် ဒါနဲ့တင် မင်းကို သတ်ဖို့ လုံလောက်ပါတယ်

အလွန်ထက်ရှ ပြင်းထန်လှသည့် ချီစွမ်းအင်များက အရှင်သခင်သုံးယောက်လုံး၏ ဦးခေါင်းထံသို့ တိုးဝင်လာသည်။

"သေပေတော့"

လူသန်ကြီးက အလွန် ရက်စက်သည့် အသွင်ဖြင့် ကြုံးဝါးနေပုံက သေမင်းနတ်ဘုရား လောကကြီးတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် ထွက်ပေါ်လာသည်နှင့် သဏ္ဍာန်တူ လှပေသည်။

သူ၏ ချီစွမ်းအင်သည် အလွန်သန်မာလှပြီး လေဟာနယ် ဟင်းလင်းပြင်ကိုတောင် ဟက်တက်ခွဲနိုင်မည့် ပုံပေါ်သည်။

လေပြင်းများက ညအဖွဲ့မှ အရှင်သခင် သုံးယောက်၏ ဦးခေါင်းနားတစ်ဝိုက် တိုက်ခတ်လာသည်။

ဤတိုက်ခိုက်မှုကို ကြည့်ပြီး ကောင်းကင်ဘုံ နံပါတ်တစ်သည် အလွန်ကြောက်လန့်ကာ မျက်ရည်ပင် ဝဲချင်လာသည်။

လူသန်ကြီး၏ ပစ်မှတ်က သူသာ ဖြစ်နေပါက ကြယ်သုံးလုံး အဆင့်တွေထဲတွင် သူက အားအကြီးဆုံး ဖြစ်နေတာတောင်မှ လွတ်ဖို့လမ်း မမြင်ချေ။

"ဒါ…. ဒါ ဆရာသခင်ဖြစ်ခါနီး အဆင့်ရဲ့ ခွန်အားလား"

မော့ဟမ်ရှန့် အလွန်တက်ကြွလာသည်။

*သေလိုက်တော့*

*မင်းတို့အားလုံး သေသင့်တယ်*

*အရှင်သခင် သုံးယောက်လုံး သေသွားပြီးရင် ယဲ့ဖန်လည်း သေမှာပဲ*

မော့ဟမ်ရှန့်၏ မျက်လုံးများတွင် စိတ်အားတက်ကြွမှုများ၊ ကျေနပ်ပျော်ရွှင်နေမှုများဖြင့် ပြည့်လျှံလို့နေ၏။

ထိုအချိန်တွင် အရှင်သခင် သုံးယောက်၏ လက်မောင်းများက ကျိုးနေကာ ခန္ဓာကိုယ်ကလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်။

သေမင်းနတ်ဘုရားက သူတို့ထံ ရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"ငါတို့တော့ သေတော့မှာပဲ"

ကျားငါးမန်း၊ အဆိပ်ပြင်းနဂါးနှင့် သွေးသိမ်းငှက်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်၍သာ နေကြသည်။ သူတို့မျက်နှာပေါ်တွင် စိတ်ပျက်ခြင်း သို့မဟုတ် သွေးပျက်တုန်လှုပ်ခြင်းများ ရှိမနေပါ။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now