Chapter 130

2.3K 204 2
                                    

စာစဉ် (9) Chapter (130) အံ့ဩနေသော ဘေးလူများ!

ခန်းမထောင့်မှ ဆွေးနွေးမှုကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားကြသည်။

နေမင်းကလန် ခေါင်းဆောင်၏ လွှမ်းမိုး ချုပ်ကိုင်တတ်သော အကျင့်အရ လင်းအုပ်စုတော့ သွားရှာပြီဟု လူတိုင်း သိလိုက်ကြသည်။

ယဲ့ဖန်က '90/10' ဟု ပြောလိုက်ပြီးနောက် ခန်းမတစ်ခုလုံးရှိ လူများကြား ဆူညံသွားကြသည်။

"ရူးနေပြီ၊ အဲ့ကောင်တော့ တကယ့်ကို ရူးနေပြီ၊ သူက ဘယ်လိုလုပ် နေမင်းကလန် ခေါင်းဆောင်ကို ဆန့်ကျင်ရဲတာလဲ?"

"လင်းအုပ်စုတော့ သွားပြီပဲ၊ အမြတ် 10% နဲ့ဆိုရင် ကုမ္ပဏီက မနည်း ရပ်တည်ရမှာ၊ ဒါပေမယ့် ဟိုပြဿနာကောင်က နေမင်းကလန် ခေါင်းဆောင်ကို လုံးဝ ကလန်ကဆန် လုပ်လိုက်တာဆိုတော့ လင်းအုပ်စုတော့ သွားပြီပဲ"

"သူက အရမ်းငယ်ပြီး တော်တော့်ကို စိတ်ကြီးဝင်တာပဲ၊ သူ အရမ်း တုံးအလွန်းတယ်"

….

ခန်းမထဲမှ လူအားလုံး ခေါင်းတခါခါနှင့် ဖြစ်နေကြသည်။

ယဲ့ဖန်၏ အပြုအမူကြောင့် လင်းအုပ်စုအား အဆုံးမရှိသော အသူရာချောက်ထဲ ပစ်ချလိုက်သလို ဖြစ်သွားပြီဟု သူတို့ ထင်နေကြ၏။

ထောင့်နားမှ မော့ထောင်က အလွန် စိတ်လှုပ်ရှားနေသည်။

*စောက်ရူး*

*ဒီကောင်က တကယ် စောက်ရူးပဲ*

မော့ထောင်သည် နေမင်းကလန် ခေါင်းဆောင်၏ ဒေါသကို ကောင်းကောင်းကြီး နားလည်သည်။ လူဖြူကြီးသည် လွှမ်းမိုး ချုပ်ကိုင် တတ်ပြီး စိတ်ဆတ်သည်။ နည်းနည်းလေးမှ သံသယ ဝင်တာကို သည်းမခံ နိုင်ချေ။

ယဲ့ဖန်က သေချာပေါက် ဒီလူကို ဒေါသထွက်အောင် လုပ်လိုက်လေပြီ။

"ဟီးဟီး … ဟေ့ကောင် နေမင်းကလန် ခေါင်းဆောင်တော့ ဒေါသထွက်နေပြီ၊ မင်း ဒီကမ္ဘာပေါ်မှာ နေရတာကို နောင်တရအောင် သူ လုပ်ပြတော့မယ်"

မော့ထောင်က အလွန် စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ယဲ့ဖန်ကို သတိပေးလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Tempat cerita menjadi hidup. Temukan sekarang