Chapter 183

1.9K 181 1
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (183) ကျန်းရှီမြို့က မင်းတို့ရဲ့ သင်္ချိုင်းမြေပဲ

ကျန်းရှီမြို့မှ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသကဲ့သို့ ရှန့်ကျန်းမြို့မှ ဤတိုက်ပွဲအား ကြည့်နေသူများ အလွန် တက်ကြွလာကြသည်။

"သတ်…သတ်…သူတို့အားလုံးကို သတ်ပစ်လိုက်"

"ဟဟ…. ငါတို့ နိုင်တော့မယ်ကွ … သူတို့ ရှုံးတော့မှာပဲ … ကျန်းရှီမြို့က အင်အားစုတွေ ချက်ချင်း အသတ်ခံရတော့မှာ"

"ဘယ်လောက်တောင် မိုက်လိုက်တဲ့ တိုက်ပွဲလဲ …. မာစတာလီက ခြံဝန်းထဲက လူတိုင်းကို ခြေဆောင့်နင်းပြီး အခြေအနေကို ပြောင်းပြန်လှန်လိုက်တာပဲ"

….

ရှန့်ကျန်းမြို့မှ လူများ အလွန် စိတ်လှုပ်ရှားလာကြသည်။

ယခင်တုန်း လီကျိုးယောင်မှအပ ရှန့်ကျန်းမြို့မှ ဆရာသခင် တစ်ပိုင်းအဆင့် လေးယောက်နှင့် ကြယ်သုံးလုံး အဆင့်သူများ အားလုံး အရေးနိမ့်တော့မည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။

သို့သော် လီကျိုးယောင်က သူတစ်ယောက်တည်းနှင့် အခြေအနေအား ပြောင်းပြန်လှန်ပစ် လိုက်နိုင်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။

ကျန်းရှီအင်အားစုများ၏ စိတ်ဓာတ်ကျသွားသော မျက်နှာများကို ကြည့်နေသူများ မြင်လိုက်ရသည်နှင့် သူတို့ အလွန် ပျော်ရွှင်လာကြသည်။

"မာစတာလီ ယဲ့ဖန်ကို သတ်ပြီးပြီလားဆိုတာ ငါ သိချင်လိုက်တာ … သူသာ အဲ့ကောင်ကို သတ်လိုက်နိုင်ပြီ ဆိုရင် ကျန်တဲ့ ကျန်းရှီအင်အားစုတွေ ဘာအခွင့်အရေးမှ ရတော့မှာ မဟုတ်ဘူး"

"ဟုတ်တယ် … ယဲ့ဖန်က အခု အခြေအနေကို ပြန်ပြီး ကပြောင်းကပြန် ဖြစ်အောင် လုပ်နိုင်တဲ့ နောက်ဆုံးလူပဲ"

"အိုး ဘုရားရေ… ငါ သူ့ခေါင်း အဖြတ်ခံရတာကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး"

ရှန့်ကျန်းမြို့မှ ကြည့်နေသူများက တက်ကြွကာ ဆွေးနွေးနေကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now