Chapter 136

2.4K 181 4
                                    

စာစဉ် (10) Chapter (136) ကျန်းပေမြို့သို့ သွားခြင်း!

နောက်ထပ် နှစ်ရက် တိုင်အောင် အန်းရှီအနား၌ ယဲ့ဖန် ကော်ကဲ့သို့ ကပ်ကာ အဖော်ပြုပေးခဲ့သည်။

နှစ်ရက်လုံးလုံး သူ မနားရသေးပါ၊ ပင်ပန်းနွမ်းလျနေသော မျက်နှာနှင့် သူက အန်းရှီကို ကြည့်လို့နေခဲ့သည်။

ရေခဲထုအတွင်းရှိ အန်းရှီ၏ အသက်ရှူသံသည် ပို၍ အားနည်းလို့ လာသည်။

သူမ၏ လှပသော မျက်နှာလေးက ဖြူရော်လို့လာနေ၏။
သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းသားလေးက အစိမ်းရောင်သို့ ပြောင်းနေကာ အနက်ဘက်သို့ ပြောင်းချင်ချင် ဖြစ်နေပြန်သည်။

ထို့ပြင် ဆန်းကြယ် ရေခဲ ချီဓာတ်က သဲကြီးမဲကြီး ဆက်လက် ထွက်ပေါ် နေသောကြောင့် ရေခဲထုက ပိုမို၍ ထူထပ်လာသည်။

သူမ၏ ကုတင်တစ်လျှောက် ရေခဲများ ရောက်ရှိလို့လာပြီး နံရံ၊ ပြတင်းပေါက်နှင့် ထုပ်တန်းများကို ပြင်းထန်သော ရေခဲများနှင့် ဖုံးလွှမ်းလို့ သွားလေသည်။ မျက်နှာကြက်၌ ရေခဲပန်းဆွဲများတောင် ဖြစ်ပေါ် လာနေသေးသည်။

အခန်းတစ်ခုလုံး နှစ်တစ်သောင်းလောက် ကြာမြင့်နေသည့် ရေခဲအိမ်နှင့်တောင် ဆင်တူနေသေးသည်။
တစ်ယောက်ယောက်သာ ဤအခန်းထဲ ဝင်လာပါက အသက်ရှူ ကျပ်သွားလောက်သည်။

"ရူးမိုက်လွန်းတဲ့ ကောင်မလေး၊ ငါ့အသက် ပေးရရင်တောင် ငါ မင်းကို ရအောင် ကုမယ်"

ရေခဲထုကို အသာကိုင်၍ ရေခဲထု အတွင်း၌ လှဲလျောင်းနေသော အန်းရှီကို ယဲ့ဖန် စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် 'ဖန်' ဟူသော စကားတစ်ခွန်းကိုသာ အမှတ်ရလို့နေသည်။

ကျွိခနဲ မြည်သံနှင့်အတူ အခန်းတံခါး ပွင့်လာပြီး ခါးကုန်းတစ္ဆေခေါင်းဆောင် ဝင်လာသည်။

အခန်းထဲ ဝင်လာသည်နှင့် သူ ထိတ်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။ သူကိုယ်တိုင်က စွမ်းအား ကြီးသော်လည်း ဆန်းကြယ်ရေခဲ ချီဓာတ်ကြောင့် သူ အေးခဲမတတ် ခံစားနေရဆဲပင်။

ဤအခန်းသည် ကမ္ဘာ့အအေးဆုံး အာတိတ်ဒေသထက်တောင် အဆပေါင်းများစွာ ပိုအေးလို့ နေသေးသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now